သျှမ်းပြည်တပ်မတော် ၇၀၁ တပ်ရင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး သင်တန်းပေး



သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုးမြို့နယ်ခွဲအတွင်း အခြေစိုက် လှုပ်ရှားနေသော သျှမ်းပြည်တပ်မတော် (တောင် ပိုင်း)၏ လက်အောက်ခံတပ်ဖွဲ့ တစ်ခုဖြစ်သည့် အမှတ် ၇၀၁ တပ်ရင်းမှ နမ့်ခမ်းမြို့နယ်အတွင်းရှိ လူငယ်များအား မူးယစ် ဆေးဝါးတားဆီးတိုက်ဖျက်ရေး သင်တန်းပေးနေ ကြောင်း သိရသည် ။

မကြာသေးခင်ရက်ပိုင်းကမှ အဆိုပါသင်တန်းစတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး သင်တန်းသို့ ဒေသတွင်းရှိ ကျေးရွာများမှ သျှမ်း လူငယ်ရာနှင့်ချီ တက်ရောက်နေကြောင်း ဒေသခံသျှမ်းလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“လူငယ်တွေကို မူးယစ်ဆေးဝါးဘယ်လိုတာဆီးကာကွယ်ရမယ် ဆိုတာနဲ့ပတ်သက်လို့ သင်တန်းပေးနေတာပေါ့။ သင်တန်း စတာ ရက်ပိုင်းပဲရှိသေးတယ်။ သင်တန်းက နမ့်ခမ်းမြို့နယ်ထဲမှာပဲ နှစ်နေရာမှာ ပေးနေတယ်။ လူဦးရေရာကျော်တက်နေ တယ်။ မူးယစ်ဆေးဝါးအရမ်းပေါတဲ့ဒေသမှာ အခုလိုလုပ်လိုက်တော့ ဒေသခံတွေက အားပေးကူညီလာကြတာပေါ့။ သူတို့ ကိုယ်တိုင်လည်း တက်တက်ကြွကြွနဲ့ ဒီသင်တန်းမှာ ပါဝင်လာကြတယ် ” ဟု ၄င်းက ဆိုသည် ။

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် ကချင်ပြည်နယ် နယ်စပ်အနီးရှိ ကျေးရွာများမှ ဒေသခံများ အဆိုပါသင်တန်းသို့ တက်ရောက်ခြင်း ဖြစ်ပြီး ဒေသခံများ တက်ကြွစွာပူးပေါင်းပါဝင်ကြကြောင်း သိရ သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates