သို့- သျှမ်းသံတော်ဆင့်



ကျနော်တို့ လဲချားဒေသခံတွေဟာ ဗမာစစ်တပ်ကတဖက် ဒေသခံ သျှမ်းလူမျိုးပြည်သူ့စစ်တွေကတဖက် ဖိနှိပ်ငြင်းဆဲမှုကိုခံနေရပါတယ်။

labour_forceဝမ့်ပန်တပ်စခန်းအသွားလမ်းအား ရှင်းလင်းပေးနေရသော ရွာသားများ

မကြာသေးခင်ကဘဲ (ဩဂတ်စ်လနှောင်းပိုင်းကဘဲ) ပြည်သူ့စစ်ဌာနချုပ်ကိုသွားတဲ့လမ်းကို သန့်ရှင်းရေးလုပ်ပေးခဲ့ရပြီးပြီ။အခုလည်း ဩဂတ်စ်လကုန် ၃၁ ရက်က လဲချားအခြေစိုက် ခမရ ၅၁၅ က ကျနော်တို့ ဝမ့်ထီအုပ်စုထဲက ထော်လာဂျီ ၄ စီး လာပြီးချောဆွဲတယ်။ တပ်ထဲမှာ ရေတင် သဲတင် နဲ့ တောက်တိုမယ်ရခိုင်းဖို့ဆိုဘဲ။

ချောသွားဖို့ ထော်လာဂျီတွေကိုစုပေးတာကတော့ ကျနော်တို့ ဝမ့်ထီက အုပ်စုဥက္ကဌကြီး လုံးကောလ ပေါ့ဗျာ။

မြန်မာစစ်သားတွေချောဆွဲသွားတဲ့ ထော်လာဂျီတွေထဲက စိုင်းဝိဇောတ ရဲ့ထော်လာဂျီကို ဗမာစစ်သားတယောက်တက်မောင်းတယ်။ ဝမ့်ဇင်းကိုအသွားလမ်းမှာ ထော်လာဂျီမှောက်သွားတယ်။ စက်တင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီမှ ပြန်လွှတ်ပေးတယ်။ လွှတ်ပေးတဲ့အချိန်မှာလဲ လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းဆိုတဲ့လက်မှတ်ထိုးခိုင်းတယ်။ ပိုက်ဆံ ငါးထောင်ကျပ်ဘဲပေးလျော်တယ်။ ဆီဖိုးတောင်မလောက်ဘူး။

ဩဂတ်စ်လ ၂၀ ရက်နေ့ကလည်း ကျနော်တို့ ဝမ့်စယ့်အုပ်စု၊ ဝမ့်ဆန်းအုပ်စု၊ ဝမ့်ထီအုပ်စု၊ ဝမ့်ဟိုင့်အုပ်စု၊ ဝမ့်လေအုပ်စုနှင့် ကတ်မောက် အုပ်စုသားတွေကို ဝမ့်ပန်ဌာနေပြည်သူစစ်တပ်ဖွဲ့က
ကားလမ်းမကနေ သူတို့တပ်စခန်းအသွားလမ်းဘေးနှစ်ဘက်နှစ်ချက်မှာ ခြုံတွေရှင်းခိုင်းတယ် ။
လယ်ဆင်းချိန်မှာ အခုလို တဖွဲ့ပြီးတဖွဲ့ ဆက်တိုက်ဆက်တိုက် ခိုင်းနေတော့ ကျနော်တို့ မိသားစုအတွက်လုပ်စားချိန်ဘယ်မှာရှိပါတော့မလဲဗျာ။

လဲချားဒေသခံ
စိုင်းဆမ်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates