အာဆီယံနိုင်ငံများအတွင်း ပညာရှင်အဆင့်လုပ်သား ၇ မျိုးသာ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြု



မြန်မာနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားများအပေါ်  အိမ်ရှင်နိုင်ငံက ကောင်းမွန်သော စောင့်ရှောက်မှု ဆက်ဆံမှု မပြုနိုင် သေးသရွေ့ ၂၀၁၅ အာဆီယံ စီးပွားရေး ကွန်မြူနတီအဖြစ် ဖွင့်လှစ်ပါက အခက်တွေ့နေဦးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမားများကူညီစောင့်ရှောက်ရေးအသင်းက ပြောပါသည်။
migrant_workers_in_chiangmai ချင်းမိုင်မြို့တွင်း တနေရာ အလုပ်ဆင်းချိန်၌တွေ့ရသော မြန်မာနိုင်ငံမှာ လာသည့် ရွှေ့ပြောင်း အလုပ်သမားများ (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“အမျိုးသားရေးဝါဒကိုဘဲ စွဲကိုင်နေရင် သို့မဟုတ် တပါးသူကို ရန်သူအဖြစ်မြင်နေရင် ၂၀၁၅ မှာ AEC ဖွင့်ရင်တော့ အခက်တွေ့နေဦးမှာဘဲ။  ကျမတို့နိုင်ငံကို ၁၀ နှစ်ကျော်ကြာ လာနေတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ကျမတို့နိုင်ငံက အလုပ်ရှင်တွေက ခုချိန်ထိ တန်းတူထားမဆက်ဆံချင်ကြတာကိုတွေ့ရတယ်။ AEC ဖွင့်ပြီးနောက်ပိုင်းလဲ ကျမတို့နိုင်ငံထဲ ဒီလူတွေ ထပ်ဝင်လာဦးမှာဘဲ။ ဘာလို့လဲဆိုတော့ သူတို့နိုင်ငံက မအေးချမ်းသေးဘူး။ ငြိမ်းချမ်းရေးတည် ဆောက်ပြီဆိုပေမယ့် အပစ်ရပ်ပြီဆိုပေမယ့် တိုက်ပွဲတွေဖြစ်နေသေးတယ်၊ လယ်ယာမြေသိမ်းယူမှုတွေရှိနေသေးတယ်လေ” ဟု ထိုင်းနိုင်ငံချင်းမိုင်မြို့ဟိုတယ်တခု၌ ဆွေးနွေးပွဲကို ကမကထပြုကျင်းပသည့် MAP Foundation မှ တာဝန်ရှိပုဂ္ဂိုလ် တဦးကပြောသည်။

၁- အင်္ဂျင်နီယာ ၂- ဆရာဝန် ၃- သူနာပြုဆရာမ ၄- မြေတိုင်းအင်္ဂျင်နီယာ ၅- ဗိသုကာပညာရှင် ၆-သွားဘက်ဆိုင်ရာ ဆရာဝန် ၇- စာရင်းကိုင် စသည့်ပညာရှင်အဆင့် လုပ်သား ၇ မျိုးကိုသာ အာဆီယံနိုင်ငံအတွင်း လွတ်လပ်စွာပြောင်းရွှေ့လုပ်ကိုင်စား သောက်ခွင့်ပေးမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံများက  သဘောတူညီထားကြသည်ဟု ဆိုပါသည်။

“ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သူတို့မစဉ်းစားထားပေးဘူး။ သူ့နိုင်ငံကထုတ်ထားတဲ့ဥပဒေအတိုင်းဘဲသွားမယ် ဆိုတော့ ကျမတို့လို အလုပ်ရှင်နိုင်ငံတွေကတော့ စဉ်းစားပေးသင့်တယ်လို့ယူဆပါတယ်” ဟု အလုပ်သမားများ ကူညီစောင့် ရှောက်ရေးဖောင်ဒေးရှင်း MAP မှ မစ္စကန်ကျနာ ဒီအွတ်က ပြောပါသည်။

အာဆီယံ AEC ကာလ ရွှေ့ပြောင်းအလုပ်သမားများ၏အသံ မြင့်တင်ဖော်ဆောင်ပေးရန် သတင်းသမားများနှင့် လူမှုအဖွဲ့ အစည်းများမှ လက်တွဲပူးပေါင်းကြရန်ဟူသည့် ဆွေးနွေးပွဲ၌ APWLD Asia Pacific Forum on Women Law and Development မှ ပရနွမ် ဆုမ်ဝုန်းကလည်း- တိုးတက်ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရွှေ့ပြောင်းအလုပ်သမား များ အပေါ် ထားသည့်သဘောထားကိုလည်း ပြောင်းလဲသင့်ကြောင်း၊ ဝန်ကြီးချုပ် ယင့်လပ်ရှင်နာဝပ် ဦးဆောင်သည့် အမျိုးသား လုံခြုံရေးကောင်စီ နာမည်အား လူသားများလုံခြုံရေးကောင်စီဟုပါ ပြောင်းသင့်ကြောင်း - ပြောကြားသည်။

စင်စစ် AEC ၏ ရည်ရွယ်ချက်မှာ - (၁) ဆင်းရဲမွဲတေမှုလျှော့ချရေး၊ (၂) လူမှုစီးပွါးရေးစနစ် ကွာဟနေမှု လျှော့ချရေး၊ (၃) ဖွံ့ဖြိုးတိုးတက်မှုတည်ဆောက်ရေးလုပ်ငန်းများအား ကာကွယ်မြင့်တင်ရေး ဟူ၍ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်တွင်း၌ပင် မြန်မာနိုင်ငံမှ ရောက်ရှိအလုပ်လုပ်နေသူ ရွှေ့ပြောင်းအလုပ်သမား ၈ သောင်းထက် မနည်း ရှိနေပြီး ချင်းမိုင်မြို့တွင်း(အမ်းဖေးမိန်း) နှင့်ဆက်စပ်မြို့နယ်များပါလျှင် တစ်သိန်းခွဲ ထက်မနည်းရှိနေကြောင်း၊ ချင်းမိုင် ခရိုင် နယ်စပ်မြို့နယ်များရှိ ရွှေ့ပြောင်းအလုပ်သမားများပါဝင်ပါက အလုပ်သမားပေါင်း သုံးသိန်းခန့်ရှိကြောင်း အလုပ် သမား ကူညီရေးအဖွဲ့များကပြောပါသည်။
IMG_2640
ယခုနှစ်ဆန်းပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပစ်ရပ်စဉ်မှစ၍ နယ်စပ်သျှမ်းကူညီရေးအဖွဲ့ စစ်တမ်းကောက် ယူမှုအရ ဖှန်၊ ချိုင်းပရကန်း၊ မယ်အိုင်း သုံးမြို့နယ်အတွင်း သျှမ်းပြည်မှဝင်ရောက်လာသည့် လူဦးရေ လစဉ် ပျှမ်းမျှ ၂၅၀ ထက်မနည်း ရှိနေသေးကြောင်း၊ မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်း ခရိုင်နယ်စပ်တလျှောက် တလလျှင် ၁၀၀၀ ထက်မနည်း ရှိကြောင်း နယ်စပ်ကူညီရေးအသင်းဝင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates