တာလေထွေအုပ်ကိုပြသနာရှာတာကတော့ ရွာသားတွေလက်မခံပါ



သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာခင်ဗျား

၁။ ကျနော်ကတော့ တာလေ၊ နားဟိုင်းလုံရွာက လယ်သမားတစ်ဦးဖြစ်ပါတယ်။ကျနော်တို့ရွာမှာ ပြီးခဲ့ တဲ့လကရွှေတူးတဲ့အဖွဲ့ (၂) ဖွဲ့က နစ်နာတဲ့လယ်သမားတွေ အတွက် စပါးဘိုးရတဲ့ လျော်ကြေးငွေနဲ့ အသုံးအဆောင်လာဝယ်ရင်း မိတ်ဆွေတစ်ယောက်ကပြောလို့ ဒီလျော်ကြေးငွေအကြောင်း အင်တာနက် မှာပါတယ်ဆိုလို့ အကြောင်းမှန်ကို သိရအောင်ဒီစာကို ရေးလိုက် တာပါ။
ကျနော်တို့ ရွာသားတွေက အင်တာနက်ဆို တာဘာမှန်းမသိပါဘူး။ အမှန်တရားဖြစ်စေချင်လို့ မိတ်ဆွေကိုဘဲအကူအညီတောင်းလိုက်ရတယ်။


၂။ ကျနော်တို့နားဟိုင်းလုံတစ်ရွာထဲ အတွက် လွယ်ခမ်းလုံနဲ့ စိုင်းတစ်အဖွဲ့က စပါးဘိုးလျော်ကြေးငွေ ဘတ်(၉)သိန်းကျော်ပေးပါတယ်။ အဲဒါအပြင် စိုင်းတစ် အဖွဲ့က ရေလှောင်ကန်နဲ့ရေပိုက်အတွက် ဘတ် ငွေ(၄)သိန်းလောက် အကုန်ခံပြီးလှူတန်းခဲ့ပါတယ်။ ဖြစ်ပုံက စိုင်းတစ်အဖွဲ့က ဦးစိုင်းဝန်းကိုငွေပေးပြီး မှ ရေပိုက်(၃၀၀)ဘိုးငွေ ဘတ်(၄)သောင်းခွဲပြန်တောင်းတာကြောင့်ပါ။ အမှန်က ရေပိုက်ဘိုးငွေဘတ် (၇၆၉၅၀)ကုန်ကျတာကို စိုင်းတစ်အဖွဲ့က အပြည့်မယူဘဲဘတ်(၄)သောင်းခွဲ ဘဲပြန်ယူတာပါ။စိုင်းတစ်က ရေပိုက်ဝယ်တဲ့ပြေစာလဲထည့်ပေးလိုက်ပါတယ်။

၃။ ဒီကြားထဲ ကျားဖြူပါတီကစိုင်းခမ်းဘတ်(၁)သောင်းခွဲလာယူတာကိုအင်တာနက်ထည့်လည်း အဖြစ် မှန်မို့လို့ ဘာမှမပြောလိုပါဘူး။ ကျားဖြူပါတီကရေရအောင်လုပ်ပေးဘို့နေနေ သာသာ ရေသန့်ဘူး တောင်လာလှူဘူးလို့လား။ကျားဖြူပါတီငွေလာကောက်တဲ့အကြောင်းကိုတော့ ကျနော်တို့လက်မှတ် ထိုးပြီး တာလေ ထွေအုပ်ကိုတိုင် ထားတယ်။ အခုထိတော့မထူးသေးပါဘူး။ ကျားဖြူကိုပြသနာ ရှာတာ ဘာမှမပြောလိုပေမဲ့ တာလေထွေအုပ်ကိုပြသနာရှာတာကတော့ရွာသားတွေလက်မခံပါဘူး။ တာလေ အုပ်ချုပ်ရေးမှူး၊ ရွှေတူးအဖွဲ့နဲ့ မြေစာရင်းကလူတွေ လယ်သမားတွေလျော်ကြေးရဘို့နေပူ မိုးရွာမရှောင် လယ်တောထဲအကြိမ်ကြိမ်ဆင်းပြီး၊ရွာသားတွေကျွေးတဲ့ထမင်းတောင် မစားဘဲ လုပ်ပေးတာ ကျေးဇူး တင်နေတုံး အခုလို မတရားစွပ်စွဲ တာကို မခံချင်လို့ သျှမ်းသံတော်ဆင့်ကနေပြန်ဖြေရှင်းတာပါ။ အယ်ဒီ တာအဖွဲ့လည်းရွာရောက်ရင် ရေပိုက်(၃၀၀)ကျော်နဲ့ ရေလှောင်ကန်အတွက်ဘတ် (၃)သိန်းကျော် ရွာ သူကြီးလက်ထဲမှာရှိနေတာလာကြည့်နိုင်ကြောင်း တင်ပြရင်း အဆုံးသတ်လိုက်ပါတယ်။

နားဟိုင်းလုံက စိုင်းလုံ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates