ဥပဒေနှင့်အညီဆောင်ရွက်ပေးပါရန်
သို့ - သျှမ်းသံတော်ဆင့်အယ်ဒီတာရှင့်
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ပင်လောင်းမြို.နယ် နောင်တရားမြို့နယ်ခွဲနယ်မြေအတွင်း တုံဟုန်းကားလမ်းမကြီးပေါ်တွင် တုံဟုန်းတံတားနှင့် ၁ မိုင်ခန့်အကွာ ဘန်းပိန်ကျေးရွာအနီးတွင်၂၇.၇.၂၀၁၂ ရက်နေ့လည် ၁ နာရီအချိန် ပင်လောင်းမြို့ဘက်မှ တုံဟုန်းတံတားဘက်သို့ မောင်းနှင်လာသော နှစ်လုံးထိုးထော်လာဂျီကားသည် တုံဟုန်းကားလမ်းဘေးချောက်အတွင်းသို့ထိုးကျခဲ့ပါ သည်။
ထိုနေ့တွင်နောင်တရားမြို့ရဲစခန်းမှရဲ အရာရှိကသွားရောက်မှတ်တမ်းယူခဲ့ပါသည်။
၂၈.၇.၂၀၁၂ တွင်နောင်တရားစခန်းမှူးဦးစီးသောနယ်ထိန်းတပ်ဖွဲ.၀င်များလာရောက်ပြီး ညောင်ရွှေမြို့နယ်တုံဟုန်းတံတား ရဲကင်းမှူးနှင့်ဆွေးနွေးနေသည်ကို
တွေ့မြင်ခဲ့ပါသည်။
ထိုကဲ့သို့ရဲတပ်ဖွဲ့ဝင်များလုပ်ငန်းတာဝန်ထမ်းဆောင်နေကြသော်လည်း ၄င်းထော်လာဂျီအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ အဆိုပါယာဉ်အားနောင်တရားစခန်းမှူးမှ သိန်း ၃၀ နှင့်ရောင်းမည်ဟုကြား သိရပါသည်။
၎င်းယာဉ်အားဥပဒေနှင့်အညီဆောင်ရွက်ပေးပါရန်။
Tags: Letter to Editor