ရေဦးမြို့ လူထုကိုဒုက္ခပေးနေသော သွေးစုပ်ဖုတ်ကောင်ကိုရှင်းပေးစေလို
သို့- သျှမ်းသံတော်ဆင့်
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရေဦးမြို့မှာ ၀န်ကြီးချုပ်ဦးသာအေး ရဲ့တပည့်ဟု ကြွေးကြော် ထားသော ဇော်ဦးဆိုသူမှာရဲမြို့နယ်မှုး ချစ်သိန်းနှင့်ပေါင်းကာ တမြို့လုံးတနယ်လုံးကို ဆပ်ကြေးကောက် ၊ ငွေတောင်းစား ဒုက္ခပေးလျှက်ရှိပါသည် ။
စားစရာမရှိလို့ အရက်ပုန်းလေးရောင်းမိပြန်ရင် လည်း ဇော်ဦးက ရန်လုပ် ငွေတောင်းပါသည် ။ ရဲစခန်းမှူး ၊ မြို့နယ်မှူးအိမ် သွပ်မိုးရန်ဆိုပြီး အသုပ်ဆိုင် လေးများကိုတောင်မချန် ငွေတောင်းသဖြင့်
လစဉ်ငွေပေးနေရပါသည် ။
ကျောင်းဆရာမလေးများ အပြောင်းအရွှေ့လုပ်ချင်ရင် ဦးသာအေးဆီကို ပြောပေးမည်ဟုဆိုကာ ငွေ ၅ သိန်း တောင်းပါသည်။ ငွေသာကုန်သွားပါသည်ဘယ်မှ ပြောင်းမရပါ ။
အရက်ဆိုင်များကိုလည်း မိုက်ကြေးခွဲ ငွေတောင်းပါသည် ။ငွေမပေးသော အရက်ဆိုင် ဆိုလျှင် ရဲ ကို ဖမ်းခိုင်းပါသည် ။ ဒုရဲအုပ်က ဖမ်းလာသောအခါ ဇော်ဦးက ငွေတောင်းပြီး ပြန်လွှတ်ခိုင်းပါသည် ။ ငွေမပေးနိုင်လျှင် တရားရုံးတင်ပါသည် ။ တရားရုံးမှ ဒဏ်ငွေရိုက်လျှင်ဇော်ဦးကတရားသူကြီး လာဘ်စား တာ ဟုဆိုကာ တိုင်စာပစ်စာ လုပ်ပါသေးသည်။ တရားရုံးကလဲ ဇော်ဦးကို ကြောက်နေရပါသည်။ ထိုသို့ ၀န်ကြီးချုပ် နှင့် ခြိမ်းခြောက်နေသဖြင့် ကျောင်းဆရာ/မ များ ၊ ရဲများ ၊ ပညာရေးမှူး ၊
မြို့နယ် အုပ် ချုပ် ရေး မှူး ၊ စားသောက်ဆိုင်များ ၊ ဆင်းရဲသားများ ကြောက်ပြီး ဇော်ဦး ကိုငွေပေးနေရ ပါသည် ။ ငွေမပေးနိုင်သော ၀န်ထမ်းများ ၊ ဈေးဆိုင်များသည် ဇော်ဦး ၏ တိုင်စာကြောင့် ဒုက္ခ ရောက်ရပါသည်။
တန့်ဆည်မှ သစ်မှောင်ခိုကားမိရာ ဗိုလ်ချုပ်သာအေးကို သွားကန်တော့ရန်ဟုဆိုကာ ဇော်ဦးက သိန်း ၁၀၀ ဖိုးတောင်းယူခဲ့သည်။ သို့သော် သစ်မှောင်ခိုပိုင်ရှင်မှာ ထောင်ကျ ရပါသည်။ ငွေလဲ ဆုံးပါသည် ။ ရေဦးမှကားတိုက်မှုတွင်လည်း သိန်း၂၀၀ တောင်းကာ ဦးသာအေး သို့အမှုပွဲစားလုပ် လာဘ်ထိုးသဖြင့် တရားခံအမှုမှလွတ်သွားပါသည် ။ ရေဦးမြို့မှ သစ်မှောင်ခို သမား ဦးမင်းအောင် ၏ သစ်သားများကို လေးထပ်ကြီးဘုန်းကြီးကျောင်းတွင် သွားထားကာ ကျောင်းဆောက်မည့် သစ်ဟု လိမ်လည်ကာ သစ် မှောင်ခိုရောင်းစားနေပါသည် ။
ဇော်ဦးသည် ရဲမြို့နယ်မှူးနှင့်ပေါင်း၍ ရေဦးမြို့နယ်တွင် ရွှေကျင်စားသည့် ဆင်းရဲသားရွာတရွာ သို့ဝင် ရောက်ကာ အဘသာအေးအတွက် ရန်ပုံငွေဟုဆိုကာ ဆက်ကြေးငွေ သိန်းပေါင်းများစွာ တောင်းစား နေပါ သည်။ ယခုအခါ အဘသာအေးကဖမ်းခိုင်းသည်ဟုဆိုကာ ထိုရွာမှရွာသား တစ်ရာခန့်ကို ဖမ်းဆီး ပြီး ရေဦးတရားရုံး ပို့ထားပါသည်။ ထိုအခါ ထောင်မကျအောင် အဘသာအေးထံ ပြောပေးမည်ဟု ဆိုပြန်ကာ ရွှေတွင်းတရားခံများ ထံ ငွေသိန်းပေါင်းများစွာတောင်းယူနေပြန်ပါသည်။
ဇော်ဦးသည် အရက်ရောင်းပါသည်။ သူ့ဆိုင်မှ ယူသော ဖောက်သည်များကို ရဲမှ ဖမ်း
လျှင် ရဲကိုရန်လုပ်ကာ ပြန်လွှတ်ခိုင်းပါသည် ။ ဒီချုပ် ရန်ပုံငွေပွဲတွင်လည်း ဇော်ဦးမှ ဆိုင်ကယ်ပိတ်ရပ် ရန်လုပ် သဖြင့် ဈေးရောင်းပွဲ ပျက်ခဲ့ ရပါသေးသည် ။ ဘယ်ရဲမှမဖမ်းရဲပါ ။ ဇော်ဦးသည် သူတောင်းသည့်ငွေပေးလျှင်ပေးမပေးလျှင် ဦးသာအေးလက်မှတ်ထိုးပေးထားသော သတင်းပေးကဒ်ကို ထုတ်ပြကာ ဒုက္ခပေးပါသည်။ ဇော်ဦးမှ တိုင်စာပစ်စာလုပ်ပြီး ငွေတောင်းခံရသူများမှာ-ကျောင်းအုပ်ကြီး ပညာရေးမှူး ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊တရားသူကြီး ၊ ရဲများ ၊ စားသောက်ဆိုင်များ ၊ ဈေးဆိုင်များ စသည်တို့ဖြစ်သည်။ ရေဦး တန့်ဆည် ဒီပဲယင်း ခင်ဦး မြို့နယ်များမှ ၀န်ထမ်းများအား ခေါ်ယူ စစ်ဆေး ကြည့်ပါက ဇော်ဦးမတရား ငွေတောင်းခံနေမှုများပေါ်ပေါက်လာ ပါမည် ။ ထိုငွေများကိုဗိုလ်ချုပ် သာအေးအား ပေးရကြောင်း ဇော်ဦးက သတင်းဖြန့်ပါသည် ။
အဘသာအေးနဲ့ဖားကန့်မှာ ပေါင်းသင်းလာခဲ့တာဆိုပြီး ဇော်ဦးကပြောပါသည်။
(မှတ်ချက် - ငွေလိမ်တောင်းခံရသောဆရာမများမှာ)
(၁) ဒေါ်ခင်လေးသန့်
(၂) မငြိမ်းငြိမ်းဆွေ (တင်းတိန်ရံ အုပ်စု မိတ္တီလာကျေးရွှာ )
(၃) ရွှေပြည်စိုး စားသောက်ဆိုင်မှ ဆရာမတစ်ဦး
(၄) ချမ်းသာဦး ဘုန်းကြီးကျောင်း မျက်နှာချင်းဆိုင် လက်ဘက်ရည်ဆိုင်မှ ဆရာမလေးတစ်ဦး
(၅) ဆရာမ ပင်စင်စား ဒေါ်ခင်ထွေးမြင့်၏ သမီးဆရာမလေးတစ်ဦး
(၆) အခြား ဆရာ/မ များစွာ
ထိုဆရာမလေးများကို ဘယ်ကျောင်းကိုမှ ပြောင်းရွှေ့ မပေးနိုင်ပါ ။ ဗိုလ်ချုပ်သာအေးကိုပေးရမည်ဆို၍ ငွေတိုးနှင့်ယူပြီး အတိုး တရာလျှင် ၂၀ ကျပ်နှုန်းနှင့် ယူပြီး ငါးသိန်းကျပ် ၁၀သိန်းကျပ် ဇော်ဦးထံပေးရပါသည်။ ဇော်ဦးထံ ပြန်တောင်းသောအခါ မပေးနိုင်ကြောင်း အဘသာအေး ထံ ပေးပြီးဖြစ်ကြောင်း၊ ငွေပြန်တောင်းပါက အလုပ်ဖြုတ်ထောင်ချမည်ဖြစ်ကြောင်း ဇော်ဦးက ကြိမ်းသဖြင့် ဆရာမများ ကြောက်နေကြပါသည် ။
Tags: Letter to Editor

