ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများ စုံစမ်းဖြေရှင်းပေးစေလို
သို့- သျှမ်းသံတော်ဆင့်
လင်းခေးဆက်သွယ်ရေးမှ ခရိုင်တာဝန်ခံ ဦးစိုင်းလှဖေနှင့်ဇနီး စာတိုက်မှူး ဒေါ်နု တို့သည် ယခု ထုတ်ပေး လျှက်ရှိသော CDMA 450 MHz sim card များအား ၄င်းတို့ စက်သွယ်ရေးရုံးဌာနတွင် ထုတ်ဝေပေးခြင်း မရှိပဲ ၄င်းတို့နေအိမ်တွင်ပင် လျှောက်လွှာများခေါ်ယူပြီး ကဒ်များထုတ်ဝေပေးနေ ပါသည်။ ထို့ပြင် ၄င်းဖုန်းကဒ်များအား အစိုးရရောင်းဈေး ကျပ် ၂၀၀၀၀၀ အပြင် အပိုငွေများတောင်းယူ နေပါ သည်။ ထို့အပြင် ထိုဖုန်းဒ်များသည် လင်းခေးမြိုကသူမြို့သားများအတွက် ထုတ်ပေးခြင်းဖြစ် သော်လည်း ၄င်းတို့ လင်မယားနှစ်ယောက်မှာ မိုင်းပန်မြို့သို့ ကျပ် ၂၅၀၀၀၀ ဖြင့်သွားရောက်ရောင်းချနေပါသည်။ ဖုန်းကဒ်များထုတ်ပေးရာတွင်လည်း ၄င်းတို့နေအိမ်တွင်သာ ထုတ်ပေးနေပါသည်။
တချို့ မြို့သူမြို့သားများမှာ ဖုန်းကဒ်များ ရောင်းချပေးနေသည်ကိုပင်မသိကြပါ။ အော်တိုဖုန်းများ ဖုန်းဘီလ်ဆောင်ရာတွင်လဲ ၄င်းတို့နေအိမ်တွင်သာ ဖုန်းဘီလ်သွားဆောင်ရပါသည်။ ရုံးချိန်တွင်လဲ အိမ် တွင်သာပေးဆောင်ရပါသည်။ ဖုန်းသွားလျှောက်လျှင်လဲ form ပြည့်ပြီဟုသာ ပြောပါသည်။ ဖုန်းလျှောက် လွှာများအားလည်း တရားဝင်ခေါ်ဆိုခြင်းမရှိပဲ နီးစပ်ရာသူများကိုသာ ရောင်းချပေး နေပါသည်။ လင်းခေးပြည်သူများအား ဖုန်းအလုံး ၆၇၀ ကျော်ထုတ်ပေးသည်ဟု သတင်းထွက်နေသော်လည်း လင်းခေးမြို့သူမြို့သားများလက်ထဲတွင် ဖုန်းအလုံး ၅၀၀ ပင်မပြည့်ပါ။ ယခုကိစ္စ အား ဆက်သွယ်ရေးမှ တာဝန်ရှိလူကြီးမင်းများ စုံစမ်းဖြေရှင်းပေးစေလိုပါသည်။
Tags: Letter to Editor

