နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောက်အယှက်ပေါ်စေသည့် ဆက်သွယ်ရေးဌာနမှ စက်သုံးဆီသောက်သုံးနေသူများ



သျှမ်းသံတော်ဆင့်မှ တဆင့် သိစေချင်ပါသည်

သျှမ်းပြည်နယ်ဒေသကြီးတစ်ခုလုံးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုက်ခရိုဝေ့စခန်းများနှင့် မိုဘိုင်းတယ်လီဖုန်း (GSM, CDMA) အခြေစိုက်စခန်းရုံး အသီးသီးရှိစခန်းတာဝန်ခံများနှင့် ၀န်ထမ်းများသည်-
(၁) သတ်မှတ်စက်မောင်းနာရီများ၏ သုံးပုံတပုံ (သို့မဟုတ်)လေးပုံတစ်ပုံသာ စက်မောင်းပြီး ဘက်ထရီများ၏အားကိုသာ အဆမတန် အသုံးပြုပြီး စက်သုံးဆီများ ပိုလျှံလာအောင်ပြုလုပ်ခြင်း။
(၂) ၂၄ နာရီစက်ဖွင့်ထားသင့်သော်လည်း ညဉ့်နက်ပိုင်းနှင့်နံနက်စောစောတယ်လီဖုန်းသုံးစွဲခလျော့ပေးသည့် အချိန်များတွင် စက်များအား ပိတ်ပြီး စက်သုံးဆီပိုလျှံလာအောင်ပြုလုပ်ခြင်း။
(၃) စက်ချို့ယွင်းကာလများအတွက်လည်း အမှန်တကယ်စက်မောင်းခြင်းမရှိပဲ၊ စက်သုံးဆီများအပြည့်အဝရယူခြင်းဖြင့် စက်သုံးဆီများ ပိုလျှံလာအောင်ပြုလုပ်ခြင်း။
(၄) စက်သုံးဆီသတ်မှတ်တစ်နာရီဆီစားနှုန်းသည် များပြားမှုရှိပြီး စက်သုံးဆီများပိုလျှံခြင်း။
အထက်ပါနည်းမျိုးစုံဖြင့် ပိုလျှံလာသော စက်သုံးဆီများအား လစဉ်စခန်းအသီးသီးမှ ရောင်းချပြီး ရရှိသော ငွေကြေးပမဏသည် ကာလပေါက်ဈေး တန်ဘိုးအရ လေးသိန်း၊ ငါးသိန်းအထိရရှိပြီး၊ နှစ်စဉ်တစ်နှစ်ပတ်လုံး ခန့်မှန်းတွက်ချက်ကြည့်ပါက ရှမ်းပြည်နယ်ဒေသကြီးတစ်ခုလုံးဖြင့် ကြည့်ပါက ကျပ်သိန်းပေါင်းထောင်ဂဏာန်းထိပင် ရှိနေပါသည်။ အဆိုပါဝန်ထမ်းများအနက် အများစုသည် နိုင်ငံတော်မှလစာငွေများ အဆမတန် ပံ့ပိုးထားသော နိုင်ငံ ၀န်ထမ်း များ ဖြစ်ပါသည်။
နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအားအနှောက်အယှက်ဖြစ်ပေါ်စေသည့် နိုင်ငံဘဏ္ဍာငွေများအား မိမိတို့ ကြီးပွားချမ်းသာရေးအတွက် မလျော်သော လောဘစိတ်ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဟန့်အတားဖြစ်စေသော အထက်ပါ စက်သုံးဆီသောက်သုံးနေသော လောဘသား ၀န်ထမ်းများအား တိတိကျကျဖော်ထုတ်အရေးယူဆောင်ရွက်ပေးပါရန် သက်ဆိုင်ရာတာဝန်ရှိသူများအား အသိပေးတိုင်တန်းအပ်ပါသည်။                                                                      

အများပြည်သူဖွံ့ဖြိုးတိုးတက်စေလိုသူ




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates