သမ္မတကြီးလဲ အောက်ခြေကို သေချာစိစစ်ပါ
သို့- သျှမ်းသံတော်ဆင့်မှတဆင့် သမတကြီး သိစေရန်
တာချီလိတ်မှာ သုံးလုံးထီရောင်းတဲ့သူတွေ အရမ်းလူပါးဝလွန်းတယ်ဗျာ။ အဆိုးဆုံးကတော့ မိုးသောက်ကြယ် ဦးစိုင်းစိုင်းပါ။ စားတော့ အပြည့်စားတယ်။ လျော်ရင်တော့ အပေါက်များလို့ ၂၀၀ ဆ၊ ၃၀၀ ဆဘဲ လျော်မယ်တဲ့။ ရဲတွေ တာဝန်ရှိသူတွေကလဲ သူ့ဖက်က ဘဲရပ်တည်ပေးတယ်။ ဘာလို့လဲဆိုတော့ ဆက်ကြေး-လိုင်းကြေး ကောင်းကောင်းပေးထားတယ်လေ။ တာချီလိတ်မှာ တရားဥပေးစိုးမိုးမှုဆိုတာ လုံးဝမရှိတော့ဘူး။
တာဝန်ရှိသူတွေက ငွေမျက်နှာဘဲ ကြည့်နေကြတာကိုးဗျ။ အရေးယူပါဆိုလဲ လက်ခွဲဒိုင်သေးသေးလေးတွေကိုဘဲ အဖမ်းပြတယ်။
သူတို့ကို ပေးထားကျွေးထားတဲ့ ဒိုင်ကြီးတွေကတော့ အေးဆေးဘဲ။ အကိုကြီး-ညီလေးဆိုပြီး အတူသောက်စား ပျော်ပါး ၊ သြော် .. လောကကြီးရယ် မတရားလိုက်တာနော် ၊ သမတကြီးလဲ အောက်ခြေကို သေချာစိစစ်ပါဦးဗျာ ။
မြို့မိမြို့ဖတစ်ဦး
Tags: Letter to Editor

