RCSS/SSA ၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် ကျေးသီးစော်ဘွားမျိုးဆက် ကွယ်လွန်



သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျေးသီးစော်ဘွားမျိုးဆက် စဝ်အွတ်ကျေးဆီး လူကြီးရောဂါဖြင့် တောင်ကြီးမြို့၌ ကွယ်လွန်ပြီဖြစ်ကြောင်း သိရ သည်။

Sao Ootကွယ်လွန်သူ စဝ်အွတ်ကျေးဆီး 
 
“စဝ်အွတ် ကျေးဆီး အသက် ၆၅ နှစ် နိုဝင်ဘာ ၂၁  မနေ့ည ၉ နာရီခွဲ တောင်ကြီးမြို့ ထွန်းဆေးခန်းမှာ ဆုံးတာ။ သက်ကြီးရောဂါနဲ့ပေါ့ဗျာ။ RCSS/SSA မှာ တာဝန်ထမ်းဆောင်နေဆဲ။ ဒီနေ့ဘဲ တောင်ကြီးမှာ သင်္ဂြိုဟ်တယ်။ ပြီးမှမိသားစုဆီကို အရိုးပြာဘဲပို့မယ်။ တောင်ကြီးမြို့ ပိဋကတ်ကျောင်းတိုက်မှာ ၂၄ ရက်နေ့ကျရင် ဆွမ်းကပ် မယ်” ဟု ကွယ်လွန်သူ၏ တူတော်စပ်သူ ကာတွန်းဟန်လေးက ပြောပါသည်။

စဝ်အွတ်ကျေးဆီး အသက် ၆၅ နှစ် ခေါ် စဝ်နော်ခမ်းအူသည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်း ပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့၏ တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြင်ဆင် ရေးအတွက်သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့သွားရောက်တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ် သည်။

၎င်းသည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးဟော်နန်းတွင် ၁၉၄၇ ဂျူလိုင်လ ၁၉ ရက်က မွေးဖွားခဲ့သည်။ ကျေးသီးစော်ဘွား၏ အိမ်ရှေ့မင်းသား စဝ်စိန် နှင့် နောင်မွန်စော်ဘွားညီမတော် စဝ်ကြည်တို့၏ သားသမီး ၁၁ ဦးအနက် ၈ ယောက်မြောက်သား ဖြစ်သည်။

၎င်း၏ဘကြီးတော်စပ်သူ နောင်မွန်စော်ဘွား ဆာစဝ်ထွန်းရင်သည် မိခင်ဖြစ်သူ စဝ်ကြည်၏အစ်ကို အရင်း ဖြစ် သည်။ ဆာစဝ်ထွန်းရင်သည်၁၉၄၆ ကအင်္ဂလိပ်အစိုးရထံမှ  “Most Excellent Order of the British Empire (MBE)” ဆု ချီးမြင့်ခြင်းခံရသည့် စော်ဘွားတဦးဖြစ်ပါသည်။
sao-tun-yinကွယ်လွန်သူနှင့် ဘကြီးတော်စပ်သူ နောင်မွန်စော်ဘွား စဝ်ထွန်းရင်
 
စဝ်အွတ်ကျေးဆီးသည် တောင်ကြီးမြို့၌ ကျောင်းတက် ပညာသင်ယူစဉ် ဒု သမ္မတဟောင်း သီဟသူရ တင်အောင် မြင့်ဦးနှင့်လည်း  အတန်းဖော်ဖြစ်ခဲ့ဖူးသည်ဟုဆိုပါသည်။

ဥပဒေ BA Law (LLB) ဘွဲ့ရ စဝ်အွတ်ကျေးသီးသည် တောင်ကြီးမြို့တွင် ရှေ့နေအလုပ်လုပ်ကာ ခွန်ဆာ၏ မုံးတိုင်းအာမီ MTA လက်နက်မချခင် တနှစ်ခန့်ကပင် တော်လှန်ရေးနယ်သို့ ရောက်ရှိခဲ့သည်။ သျှမ်းပြည်တပ် မတော် RCSS/SSA သို့ ၁၉၉၅ က ရောက်ရှိကာ နိုင်ငံခြားဆက်ဆံရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း မဟာမိတ် ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပြီး ကွယ်လွန်ချိန်တွင်မူ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ထမ်းဆောင်နေသူဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး နန်းမြစိန် နှင့် သားတယောက် သမီး တယောက် ကျန်ရစ်ခဲ့သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates