နမ်ခမ်းမြို့တွင် သျှမ်းနှစ်ကူးပွဲတော် ရုတ်တရက်ရပ်နား



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင်ကျင်းပသော သျှမ်းနှစ်သစ်ကူးပွဲတော် နောက်ဆုံးည သန်းခေါင် မတိုင်မီ မထင်မှတ်ဘဲ ပွဲတော်ရုတ်တရက် ရပ်နားခဲ့ကြောင်း ပရိသတ်တဦးကပြောသည်။
child dance num kham              ပွဲတော်၌ အကများဖြင့် တင်ဆက်နေသော ကလေးငယ်များ

“ရုတ်ရုတ်သဲသဲတော့မရှိပါဘူး။ ဘာမှမကြေငြာဘဲနဲ့တီးဝိုင်းသမားတွေ စင်ပေါ်ကနေဆင်းသွားတယ်။  ပြန်မတက်လာဘူး။ အစီအစဉ်မှူးလဲဘာမှမကြေငြာဘဲ သီချင်းတွေဘဲဖွင့်ထားပေးတယ်။ ဒီတိုင်းဘဲပွဲက ပြီးသွားတာပေါ့”- ဟု ပွဲဝင်ပရိသတ်တဦးကပြောသည်။

အစဉ်အလာအရ ပွဲမှာ မနက် ၂ နာရီ ၃ နာရီမှပြီးဆုံးလေ့ရှိသည်ဖြစ်သော်လည်း ပွဲတော်နောက်ဆုံးည ဖြစ်သော သောကြာ ညက သန်းခေါင်မတိုင်မီပွဲတော်ပြီးဆုံးခဲ့ကြောင်း အကြောင်းရင်းကိုလည်း မသိရကြောင်း အဆိုပါမြို့ခံကပြောပါသည်။

အစောပိုင်းကမူ  မြန်မာစစ်ဖက် ထောက်လှမ်းရေး၊ SB နှင့် ရပ်ရွာအတွင်းထောက်လှမ်းရေး အမာခံလူတို့က ပွဲကော်မတီထံ လာရောက်စုံမေးမြန်းခဲ့ကြောင်း ပွဲတော်လုံခြုံရေး တာဝန်ကျ တဦးကလည်း သျှမ်းသံတော် ဆင့် အားပြောပြသည်။

“မျက်နှာစိမ်းတွေ ရှိလား။ SSA က ဘယ်နှစ်ယောက် ပွဲလာလဲ စသဖြင့်ပေါ့  အလှူခံဌာနမှာလဲမေးတယ်။ လုံခြုံရေးမှာ လည်း မေးတယ်။ ဘာကြောင့်ပွဲစောစောပြီး သလဲဘယ်သူမှမသိ ရပေမယ့် အဲလိုလာ မေးတာက ထူးခြားချက်ထဲကတခုပေါ့နော်။ နောက်တခုက တီးဝိုင်းအဖွဲ့ နဲ့ ပွဲကော်မတီ ပြဿနာတက်တာ လားပေါ့။ မနှစ်ကတော့ ဗမာစစ်သား အယောက် ၅၀ က သျှမ်းဝတ်စုံမှာယူပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို နှောက် ယှက်မယ်ဆိုတဲ့ ကောလဟာလ သတင်းကြောင့် ပွဲတော် မကျင်းပဖြစ်ခဲ့ဘူး။” - ဟုမြို့ခံတစ်ဦးက ပြောပြသည်။
fruit numkham                                                သစ်သီးထွင်းထုပြိုင်ပွဲ

အမည်မဖေါ်လိုသူ ပွဲဖြစ်မြောက်ရေးကော်မတီဝင်တဦးကတော့ - ဘာမှပြသနာမရှိပါဘူး၊ သီချင်းဆိုတဲ့သူ မရှိတော့လို့ပါ -  ဟုသာပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၌ သျှမ်းနှစ်သစ်ကူးပွဲတော်ကို နောင့်စန့်ကုန်းအနီး (ပန်လိမ်ပျံ ခေါ် အင်္ဂလိပ်ခေတ် ကလေယဉ်ကွင်း)တွင် ဒီဇင်ဘာ ၁၃ ရက် နှင့် ၁၄ ရက် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့သည်။

ဒီနှစ်သျှမ်းနှစ်သစ်ကူးပွဲတော်တွင် သံဃာတော်များ၊ တအာင်း ၊ ကချင်၊ လီရှော၊ ကရင် စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ၊ နိုင်ငံရေးပါတီ များ၊ RCSS/SSA သျှမ်းပြည်တပ်မတော် လက်အောက်ခံ ရဝ၁ တပ်ရင်းမှ ခေါင်းဆောင် ပိုင်းများ၊မြို့ခံပြည်သူ လူထုများ အယောက် နှစ်ထောင်နီးပါးတက်ရောက်ကြောင်းတွေ့ရသည်။
003-
“နေ့လည်ပိုင်းလည်း သိပ်မစည်ပါဘူး၊ အားကစားပြိုင်ပွဲအတွက် ဆုတွေပေးတယ်၊ မူကြိုကလေးအက ၊ ၁၀ ကျော်သက် ကလေးအက၊ သျှမ်းရိုးရာ သစ်သီးထွင်းပြပွဲတွေလုပ်တယ်။ ညပိုင်းမှ နှစ်ကူးစောင့်ကြိုတဲ့ သူတွေ ကွင်းအပြည့်ပဲ၊ ဒါပေမဲ့ နာမည် ကြီးသျှမ်းအဆိုတော်တွေ သိပ်မတွေ့ရဘူးဒီနှစ်။ အဆိုတော်သစ်နဲ့ဝါသနာရှင် အဆင့် အဆိုရှင်တွေဘဲရှိတယ်” - ဟု နမ့်ခမ်းလူငယ်စိုင်းခမ်းကပြောသည်။

ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းတွင် နမ့်ခမ်းသျှမ်းစာ/ယဉ်မှု ဥက္ကဌ စိုင်းကျော်ဝင်း၊ ပြည့်သူ့လွတ်တော်ကိုယ် စားလှယ်ဒေါက်တာ စိုင်းကျော်အုန်း၊ နမ့်ခမ်းအုပ်ချုပ်ရေးမှူးသစ် နှင့် သျှမ်းစာပေအတွင်းရေး မှူးစိုင်းမြင့်သန်း တို့က မိန့်ခွန်းအသီးသီးပြောကြားခဲ့ ကြောင်း၊ ဆယ်တန်းအောင်သည့် ကျောင်းသားများကိုလည်းဂုဏ်ပြု လက်မှတ်များချီးမြှင့်ကြကြောင်း၊ သျှမ်းပွဲတော် တက်ရောက် လာသော ဧည့်ပရိတ်သတ် များကိုလည်း မနက်စာကျွေမွေးပေးခဲ့ကြောင်း ၄င်းကဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates