အမျိုးသားခေါင်းဆောင်တွေရဲ့ ကံဇာတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မူတည် ကော်မတီဝင်ပြော



ကရင့်အမျိုးသားခေါင်းဆောင်သစ်တွေရဲ့ ကံဇာတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်   အပေါ်မူတည် တယ်လို့  ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။

KNU ရဲ့ ဗဟိုကော်မတီဝင် အကြီးအကဲ ၅ ဦး
 
၎ နှစ်တကြိမ် ရွေးကောက်တဲ့ KNU ရဲ့ဗဟိုကော်မတီဝင်ကို ပြီးခဲ့တဲ့လထဲမှာ  ၄၅ ယောက် ပြန်လည်ရွေးကောက် လိုက်ပါတယ်။ ဒီ ၄၅ ယောက် ထဲမှာဆိုရင် ၁၄ ယောက်ဟာ ရွေးကောက်မှု မလုပ်ရဘဲ  အလိုအလျောက် ကော် မတီ ဝင်တွေ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ KNU လက်အောက်ခံ ကရင့်တပ်မတော်မှာ တပ်မဟာ ၇ ခု  နဲ့ခရိုင် ၇ ခု ရှိလို့ပါဘဲ။ တပ်မဟာမှူးနဲ့ခရိုင်မှူးဆိုတာ KNU စည်းမျဉ်းအရ အလိုအလျောက်ကော်မတီဝင်ပြီးသားဘဲ။   ကျန်တဲ့ ၃၁   ယောက်ကတော့ အကြိတ်အနယ်ယှဉ်ပြိုင်ရတယ်။ တချို့ဆိုရင် မဲအရေအတွက် တဝက်ကျော်ရ သွားလဲ ရွေးကောက်တဲ့အထဲမပါရဘူး။ သူ့ထက်မဲပိုရတာတွေရှိတာကိုး။ ၃ ပတ်ကြာအချိန်ယူပြီးမှ ရွေးကောက်ရ တယ်။ ဒါကြောင့် ဒီတခေါက် ဗဟိုကော်မတီဝင်  ရွေးကောက်မှုဟာ တော်တော်အဆင့်မြင့် တယ်လို့ပြောရပါမယ် လို့ အမည်မဖော်လိုသူ ကော်မတီဝင်တဦးက ပြောပါတယ်။

အရွေးကောက်ခံရတဲ့ အများစုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တက်ကြွစွာထောက်ခံအားပေးတဲ့လူတွေဖြစ် ပြီး  နော်ဇီဖိုးရာစိန် ကလွဲရင် KNU ထဲက  လူဟောင်းတွေတော်တော်များများတော့ မပါဝင်ဘူးလို့ သူကပြောပါတယ်။  

KNU ရဲ့ ဗဟိုကော်မတီဝင်ကို ၂၀၀၈ တုန်းက နောက်ဆုံးတကြိမ်ရွေးကောက်ခဲ့တာပါ။ ဒီနှစ် ရွေးကောက်မှုဟာ တရားမျှတပြီးဒီမိုကရေစီကျတဲ့ရွေးကောက်မှုလို့ပြောလို့ရကြောင်း အဆိုပါပုဂ္ဂိုလ်ကပြောပါတယ်။

သို့သော်လဲ ဒီတနှစ်ရွေးကောက်ရာမှာ နှစ်ဦးနှစ်ဘက် သဘောထားရပ်တည်ချက်အပေါ်အခြေခံပြီး ရွေးကောက်တာ ဖြစ်တဲ့အတွက် ထူးခြားတယ်လို့ပြောရတယ် လို့သူကပြောပါတယ်။

“ အရင်က ရွေးကောက်ရာမှာ ဘယ်အသိုင်းအဝိုင်းမှာ ရပ်တည်မလဲဆိုတာ အဓိက မကျပါဘူး။ အတွေ့အကြုံ ရှိလား ၊ အရည်အချင်းရှိလား ဆိုတာ ပိုအရေးကြီးတယ်။   အခုနှစ် ကျတော့ အတွေးအခေါ် ၂ ဘက် ဖြစ်လာ တယ်။ တဖက်က - ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်နဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်သွားမယ် လို့မြင်တယ်။ နောက်တဖက်ကျတော့ - ငြိမ်းချမ်းရေးကို သတိကြီးကြီးနဲ့ တဖြေးဖြေးလုပ်ဆောင်သွားမယ် လို့မြင်ကြတယ်။ ရွေးကောက်တဲ့ခါကျတော့ ငြိမ်းချမ်းရေးကိုပြတ်ပြတ်သားသားရဲရဲဝံ့ဝံ့လုပ်တဲ့ပုဂ္ဂိုလ် အရင်ခေါင်းဆောင်ဟောင်း တွေနဲ့ မနီးစပ်တဲ့သူတွေ ကြားနေတဲ့သူတွေ ကို ရွေးကောက်ကြတာပေါ့” လို့သူကပြောပါတယ်။

အခုတခေါက် ရွေးချယ်ခံရတဲ့ KNU ရဲ့ ဗဟိုကော်မတီဝင် အကြီးအကဲတွေကတော့ မူတူးဆေးဖိုး( ဥက္ကဌ) နော်ဇီဖိုးရာစိန် (ဒုဥက္ကဌ)၊ စောကွယ်ထူးဝင်း (အတွင်းရေးမှူး)၊ စောသောသီဘွဲ (လက်ထောက်အတွင်းရေးမှူး၁) ၊ မန်းမန်းမန်း ( လက်ထောက်အတွင်းရေးမှူး ၂ ) တို့ဖြစ်ပါတယ်။

ဒီခေါင်းဆောင်သစ်တွေ ရဲ့အရှေ့ဘက်အနေအထားကတော့ ငြိမ်းချမ်းလုပ်ငန်းစဉ်မှာ  ဘာတွေလုပ်နိုင် မယ်  ဆိုတဲ့အပေါ်မှာမူတည်တယ် လို့ သူကဆိုပါတယ်။ အပစ်ရပ်သဘောတူညီချက်ဆိုတာ နိုင်ငံရေးစကားပြောရာမှာ ဈေးဆစ်ဖို့အတွက် ပထမခြေလှမ်းဘဲဆိုတာ လူတိုင်းသိပါတယ်။ ဒီအတွက် စိမ်ခေါ်မှုတွေ ယှဉ်ပြိုင်မှုတွေ ကြိုးစားမှုတွေအများကြီး ဆက်လုပ်သွားရမှာပါလို့ သူကပြောပါတယ်။

သူကိုယ်တိုင်အနေနဲ့မြင်တာကတော့  နိုင်ငံရေးဆွေးနွေးပွဲကနေအဓွန့်ရှည်သော သဘောတူညီချက်ရရှိတဲ့အချိန် အထိ ကရင်အမျိုးသားတွေအနေနဲ့ နိုင်ငံရေးအဖွဲ့အစည်းနဲ့  စစ်တပ်ခိုင်ခိုင်မာမာရှိသွားဖို့လိုအပ်ကြောင်း၊ မြန်မာ့ တပ်မတော်က စစ်တပ်တွေ ပိုမိုခိုင်မာအောင် အင်အား တောင့်တင်းအောင် တိုးချဲ့နေပြီး မိမိတို့  ကရင်စစ်တပ် ကိုတော့ ခိုင်မာအောင်မလုပ်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကြီးမားဆုံး ဘေးအန္တရယ်ဘဲ လို့ မြင် ကြောင်း၊  ကရင် ခေါင်းဆောင်တွေအားလုံး ဒီအန္တရယ်ကြီးကို သတိထား ရမှာဖြစ်ကြောင်း သူက သုံးသပ် ပါတယ်။

ဒါ့အပြင် တည်မြဲသော သဘောတူညီချက်ရဖို့ ၂၀၀၈ အခြေခံဥပဒေကိုပြုပြင်ရမယ်။ ဖက်ဒရယ်မူကို လက်ခံ ဖို့ လိုတယ်လို့ဆိုပါတယ်။

လူအများကတော့ အစိုးရဟာ ရိုးသားမှုရှိမရှိ  အာရုံစိုက်နေကြတယ်။ သို့ပေမယ့် နိုင်ငံရေး မှာ ရိုးသားမှုရှိမရှိ ဆိုတာ အဓိကမဟုတ်ဘူး။  ကိုယ်ဘယ်လို ခိုင်ခိုင်မာမာရပ်တည်နိုင်မလဲဆိုတာ အဓိကဖြစ်တယ်လို့သူက အကြံ ပေးပါတယ်။

ဘာကြောင့်လဲဆိုတော့ အခွင့်အရေးနဲ့လွတ်လပ်မှုဆိုတာ  တရားမျှတမှု ရှိဘို့အတွက် ပေးတာမဟုတ်ဘဲ  မပေးရင် မဖြစ်လို့ပေးဒါဘဲဖြစ်တယ် လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောဆိုခဲ့ပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates