လှေနံနှစ်ဘက်မနင်းသင့်
သို့
သျှမ်းသံတော်ဆင့်အယ်ဒီတာရှင့်
ကျမဟာ တာချီလိတ်မြို့တွင်တာဝန်ထမ်းဆောင်နေတဲ့ အောက်ခြေဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
မိသား စု ၅ ဦးရှိပါတယ်။ ၀န်ထမ်းအိမ်ရာအခန်းမရသေးတော့အပြင်မှာငှါးနေရပါ တယ်။ အိမ်ရာချထား
ရေးကော်မတီအနေဖြင့် လျှောက်လွှာအမှတ်စဉ်အလိုက် တရားမျှတစွာ အိမ်ခန်းများချထား ပေးနေတာ ကိုတွေ့ရပါတယ်။ ဌာနဆိုင်ရာအကြီးအကဲများကိုတော့ ဂုဏ်သိက္ခာအရ ပေးတာ အပြစ်မပြောလိုပါဘူး။
အိမ်ရာစည်းကမ်းအရ ၁၀ ရက်လား ၁၅ ရက်လားတော့မသိဘူး အဲဒီရက်အတွင်း မနေရင် အခန်းပြန် သိမ်းတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ မြို့နယ်ပညာရေးမှူးကတော့ ပါလျှံဝန်ထမ်းအိမ်ရာ မှာ အခန်းရထား ပြီး ဒီနေ့ အထိလာမနေသေးပါဘူး၊ အထက ကျောင်းဝင်းထဲမှာပဲ လုံးချင်းအိမ်ရာ တစ်လုံးမှာ နေနေပါ တယ်။
ဝန်ထမ်းအိမ်ရာမှာမနေဘူးဆိုလဲ အခန်းပြန်အပ်သင့်ပါတယ်။ ဒါမှ ကျမတို့လျှောက်လွှာ တွေအလှည့်ကျ
မှာဖြစ်ပါတယ်။ လှေနံနှစ်ဘက်မနင်းသင့်ဘူးလို့ထင်ပါတယ်။
သက်ဆိုင်ရာလူကြီးမင်းများသိစေရန် သျှမ်းသံတော်ဆင့်မှတင်ပြလိုက်ရပါတယ်ရှင့်။
ခမ်းနွမ်း
Tags: Letter to Editor