ကြံဖန်လုပ်စား မူဆယ်-နမ့်ခမ်းလမ်းပေါ်မှ မော်တော်ပီကယ်များ



သို့-သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် ယာဉ်ထိန်းရဲများ(မော်တော်ပီကယ်များ) သည် နမ့်ခမ်းမြို့ အဝင် မန့်ခမ်းကျေးရွာအုပ်စု ကြိုဆိုပါ၏ မုဒ်ဦး မထသရုံး ရှေ့တွင် တစ်ပတ်  နှစ်ကြိမ် မနက်ပိုင်း အချိန် တွင် မော်တော်ဆိုင် ကယ်စီးနင်းလာသော ခရီးသွားပြည်သူများကို ဆိုင်ကယ်ဦးထုပ်ဆောင်း သည်ဖြစ်စေ ၊မဆောင်းသည်ဖြစ် စေ ခရာမှုတ်ရပ်ခိုင်းပြီး ဆိုင်ကယ်တစ်စီး ကို (ဆိုင်ကယ်ကိုမောင်း ဦးထုပ်ဆောင်း အန္တရာယ်ကင်းရှင်းစွာမောင်းနှင်ပါ) ဟု ရေးသားထားသော စတီကာအနီရောင် ကပ်ပေးပြီး တစ်စီးကျပ်တစ် ထောင်ကောက်ခံနေပါသည် ။ မပေးဆောင်နိုင်ပါက ဆဲဆိုကြိမ်း မောင်းခြင်းကို ခံရ ပါ သည်။ဤအကြောင်းကို အထက်က တာဝန်ရှိလူကြီးမင်းများနှင့် သမ္မတကြီး သိရှိစေရန်သျှမ်းသံတော်ဆင့် သတင်းဌာနမှတဆင့် တင်ပြအပ် ပါသည် ခင်ဗျား။

မှ-ခရီးသွားအင်တာနက်သမားတစ်ဦး
(၆.၁.၂၀၁၃)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates