ကျန်စစ်သားမင်းလို ငရမန်ကန်းကို ပစ်ချထားသင့်ပြီလား
ပြီးခဲ့တဲ့အပတ်တွေထဲကနေ ခုချိန်အထိ ကချင်ပြည်နယ် မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ် နေတာ ကိုကြားနေတွေ့နေရပါတယ်။ ကချင်တပ်မတော်နဲ့ပစ်ခတ်ရာမှာ မြန်မာအစိုးရတပ်က တိုက်လေယာဉ် တွေ ဗုံးကြဲလေယာဉ်တွေနဲ့ဟယ်လီကော့ပတာ ဂန်းသျှစ် (gunship) သုံးတယ်လို့ သတင်းမီဒီယာတွေ မှာတွေ့ရပါတယ်။ ဒီအပေါ် ဦးသိန်းစိန် အစိုးရက မသုံးရပါဘူးလို့ငြင်းချက်ထုတ်ပြီး နောက်တနေ့မှာ ဘဲ မြန်မာစစ်တပ်ပိုင်မီဒီယာက ကေအိုင်အေရဲ့ အဓိကတပ် စခန်းတခုကို တိုက်လေယာဉ်နဲ့ တိုက်ခိုက် ပြီးသိမ်းပိုက်လိုက်တယ်လို့ ကြေငြာပါတယ်။ တဆက် တည်းမှာဘဲ ကျန်စစ်သားနဲ့ ငရမန်ကန်းအဖြစ် ကို ချက်ချင်းသတိရမိပါတယ်။
ဘာလို့လဲဆိုတော့ ဒီဇင်ဘာလမကုန်ခင်တုန်းက ကချင်လွတ်လပ်ရေးတပ်မတော်ကို မြန်မာစစ်တပ်က လေယာဉ်နဲ့ တိုက်ခိုက်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ဦးသိန်းစိန်အစိုးရကမဟုတ်ရပါ ဘူးလို့ ငြင်းချက်ထုတ်ပြန် ဖုံးဖိပေးခဲ့ပါတယ်။
လဂျားယန်ဘက်မှာရှိတဲ့ မြန်မာတပ်စခန်းတွေကို ရိက္ခာပို့တဲ့လေယာဉ်၊ KIA ဘက်က ဖြိုဖျက်ထားတဲ့ လမ်း၊ တံတားတွေပြင်တဲ့ အဖွဲ့တွေအတွက် လုံခြုံရေးယူပေးတဲ့လေယာဉ်လို့ ဆိုပါတယ်။
အဲဒီနောက်မကြာခင်မှာတော့ အဓိကအရေးပါတဲ့တပ်စခန်းကို လေယာဉ်နဲ့ပစ်ခတ်တိုက် ခိုက်ပြီး သိမ်း ယူနိုင်ခဲ့တယ်လို့ မြ၀တီသတင်းဌာနက ဖော်ပြခဲ့ပြန်ပါတယ်။ KIA ဆီက သိမ်းရမိတဲ့ လက်နက် ပစ္စည်း တွေကိုပါ ဓါတ်ပုံနဲ့တကွဖော်ပြထားပါတယ်။ ရိက္ခာပို့လမ်းကြောင်း KIA တပ်မတော်ကပိတ်ဆို့ ထား တာကြောင့်လမ်းရှင်းတဲ့အနေနဲ့ လေယာဉ်နဲ့တိုက်တာလို့လဲ ဆိုပါတယ်။
ဒီအဖြစ်ကိုဘဲလေ့လာကြည့်မယ်ဆိုရင် စစ်တပ်ရဲ့အမှားကို အစိုးရကလိုက်လံဖုံးဖိပေးနေတာကိုစစ်တပ် ပိုင်းက လက်မခံဘူးဆိုတာ တွေ့ရပါတယ်။
အစိုးရကလဲ အစိုးရအလုပ်ဆက်လုပ် စစ်တပ်ပိုင်းကလဲ လုပ်စရာရှိတာလုပ်သွားမယ် ဆိုတဲ့ တိုက်ကင်း လှည့်တပ်မှူးတွေက လူထုကိုပြောပြချက်နဲ့လဲ ကိုက်ညီနေကြောင်းတွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေအပေါ် အထင်သေးအမြင်သေးရှိနေတာတွေ့ရပါတယ်။ သို့ပေ မယ့် အထင်နဲ့ လက်တွေ့ လုံးဝ ကွာခြားနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က မြန်မာစစ်တပ်က ထိပ်ပိုင်းတွေ နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရတဲ့ ဌာနေ ပြည်သူ့စစ်ခေါင်းဆောင်တဦးကနေ ပြန်လည်ပြောပြ ချက်အရ- မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေကို အထင်သေးတယ်။ ဝ တပ်ဖွဲ့ကို အုပ်ချုပ်ရတာ လွယ်တယ်။ ဒါပေမယ့် တိုက်ခိုက်ရမှာခက်တယ်။ ဝ တပ်က အင်အားကြီးတာကိုး။ ကချင်ကတော့ တိုက်ခိုက်ရလွယ် မယ် သို့သော် အုပ်ချုပ်ရတာခက်လိမ့်မယ်လို့ - ပြောပါတယ်။
ဒါကြောင့်မြန်မာစစ်တပ်ဟာ သူတို့ယုံကြည်ချက် ထင်မြင်ချက်အတိုင်း ကချင်လွတ်လပ်ရေး တပ်မတော် ကို အရင်တိုက်တာဘဲဖြစ်နိုင်ပါတယ်။
အခု မြန်မာစစ်တပ်ကနေ ကချင် ကေအိုင်အေ တပ်ကိုတိုက်နေတာ ၂ နှစ်ရှိပါပြီ။ မြန်မာဘက်ကဘဲ အကျအရှုံးများတာ တွေ့ရတယ်။ မအောင်မြင်သေးဘူး။ မအောင်မြင်လေ မလျှော့လေ အခြေအနေ ဖြစ်နေပါတယ်။
မြန်မာစစ်တပ်က- ငါတို့ဟာပရိယာယ်ကြွယ်တယ်။ ငါတို့ပရိယာယ်ကို တိုင်းရင်းသားတွေကလိုက်မမီ နိုင်ဘူးလို့ ထင်ကြတယ်။
ဥပမာ ပြီးခဲ့တဲ့ အပတ်ထဲက သျှမ်းပြည်တောင်ပိုင်းက အဖြစ် ကိုကြည့်မယ်ဆိုရင် - ဟိုမိန်းမြို့နယ်ခွဲ အနောက်တောင်ဘက် မယ့်အောလုံကနေ ဟိုမိန်း အနောက်မြောက်ဘက် တာ့ဆုပ်တိန်း သံလွင်ကူး တို့ဆိပ် အထိ တောင်-မြောက် ကားလမ်းဖောက်လုပ်မယ်လို့သတင်းလွှင့်ပြီး တကယ်တမ်းကျတော့ အင်အားသုံးပြီး မယ့်အောလုံတောင်ဘက်ခြမ်းကိုဆင်းပြီး RCSS/SSA ရဲ့တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ သျှမ်းပြည်တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး မြန်မာစစ်တပ်ဘက်က အကျအရှုံးတွေ နဲ့တပ်ခေါက်ပြန်ခဲ့ရတာပါ။
အစိုးရက တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ဖို့ကြိုးစား ငြိမ်းချမ်းရေးတည်တံ့ဖို့ ကြိုးစားတည်ဆောက် နေချိန်မှာ မြန်မာစစ်တပ်က ငြိမ်းချမ်းရေးသဘောတူညီချက်တွေကိုမလိုက်နာဘဲ လုပ်ချင်တိုင်းလုပ် နေတာတွေ့ရတော့ ရန်သူ့လက်ထဲရောက်နေတဲ့ ငရမန်ကန်းကို ကျန်စစ်သားမင်းက ကယ်ဖို့ကြိုးစား ခဲ့တဲ့ ဖြစ်ရပ်ကိုပြန်ပြီးသတိရမိတာပါ။ ဒါကြောင့် သမ္မတကြီးလဲ ကျန်စစ်သားမင်းက ငရမန်ကန်းကို ထားပစ်ခဲ့သလို ထားပစ်သင့်ပြီထင်တယ်လို့ ပြောစရာဖြစ်နေပါပြီ။
Tags: Editorial