မြေမျို၍ လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာ
သို့- လဝက ဝန်ကြီး ဦးခင်ရီနှင့် သျှမ်းသံတော်ဆင့်ခင်ဗျား
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ဟိုပန်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ရပ် ကွက်/ကျေးရွာ အလိုက် စာရင်းပြုစု၍ ၂၀၁၂ ခုနှစ်တွင် ထုတ်ပေးလျက်ရှိရာပန်လုံလမ်းရပ်ကွက်လူဦးရေ စာရင်း ပြုစုသူမှာ ဟိုပန်မြို့နယ် လဝကရုံးမှ လ/ထ လဝကမှူး ဒေါ်ရွှေအိမ် ဖြစ် ပါ တယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးချိန်တွင် မသဇင်ဦးတို့ မောင်နှမ နှစ်ယောက်စလုံး နိုင်ငံ သားကတ် မရရှိခဲ့ပါ။ ၎င်းကိစ္စနှင့် ပတ်သက်၍ လဝကမှူး ဒေါ်ခင်နှင်းအေးထံ သွားရောက်မေးမြန်း စုံစမ်းရာ အမှုတွဲများ ပြည်နယ်လဝကရုံးသို့ တင်ပြချိန်တွင် မသဇင်ဦး တို့မောင်နှမ နှစ်ယောက်စလုံး၏ အမှုတွဲအား လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ ထုတ်ပယ်ထားခြင်း ဖြစ် ကြောင်း ဒေါ်ခင်နှင်းအေးမှ ပြော ကြားခဲ့ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်မှ မသဇင်ဦးအား ၎င်း၏နေအိမ်၌ လာရောက်တွေ့ဆုံ ညှိနှိုင်း နိုင်ကြောင်း ပြောကြားရာ မသဇင်ဦးလည်း သွားရောက်ခြင်း မရှိပါ။
နိုင်ငံ့ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့် ပတ်သက်၍ ရုံး၌သာ ဖြေရှင်းရမည်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် နေ အိမ်သို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းရသနည်း။ ဒါဟာ တံစိုးလက်ဆောင် လာဘ်လာဘ လိုချင်၍ ခေါ်ယူတွေ့ဆုံခြင်း ဖြစ်နိုင်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ၁၀ တန်းမအောင်ခဲ့ပါ။ ဟိုပန်မြို့၌ တာဝန်ထမ်း ဆောင်သည် မှာ နှစ်ပေါင်း (၂၀)ကျော်နေပြီ ဖြစ်ပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ကားသမား (အမည် မမှတ်မိ၊ ကုလား ရုပ်)နှင့် အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ပြီး သားသမီး (၅)ဦး ထွန်းကားခဲ့ပါ တယ်။ အဆိုပါ ကားသမား (ကုလား)သည်အိမ်ထောင်သည်တစ်ဦး ဖြစ်ပြီး ယခုအချိန်တွင် မန္တလေးမြို့၌ ၎င်း၏ ဇနီးနှင့်အတူနေထိုင်လျက် ရှိပါတယ်။ လ/ထ လဝကမှူး ဒေါ်ရွှေအိမ်သည် ဟိုပန်မြို့၊ ပန်လုံ လမ်းရပ်ကွက်၌ နေထိုင်၍ ပန်လုံလမ်း ရပ်ကွက် တွင် ကိုးကန့်လူမျိုး အများဆုံးနေထိုင်လျက်ရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ တရုတ်နိုင်ငံသားများလည်း အများအပြား လာရောက်နေထိုင်လျက်ရှိရာ အဆိုပါ တရုတ်နိုင်ငံသားများထံ ငွေကြေးရယူကာ ရပ်ကွက်အတွင်း သေဆုံးသွားသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်နေရာတွင် အစားထိုး၍ နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခဲ့ပါတယ်။ ဟိုပန်မြို့နယ် လဝကရုံးမှ လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့ နှစ်ဦးမှ တရုတ်နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးမှု စာရင်းမှာ ပန်လုံလမ်းရပ်ကွက် အုပ် ချုပ်ရေးမှူး ဦးစောညန့် ထံ စုံစမ်း အတည်ပြုနိုင်ပါတယ်။ ၁၃/ဟပတ(နိုင်) ကိုင်ဆောင်သော တရုတ်နိုင်ငံသား အချို့မှာ ယခုအချိန်တွင် ရန်ကုန်နှင့် မန္တလေးမြို့၌ နေထိုင်လျက်ရှိပါတယ်။ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည် ဆိုတဲ့ လဝက ဆောင်ပုဒ်အတိုင်း ဟိုပန်မြို့တွင် လူမျိုး မပျောက်ဘဲ လဝက မျို၍ အမှန် တကယ် လူမျိုးတိုးလာနေပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်မှာ ဒီလို ဝန်ထမ်းမျိုးရှိနေခြင်းသည် ဝန်ထမ်းဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့်အပြင် နိုင်ငံတော် အတွက် လည်း နစ်နာအကျိုးရုတ်စေခဲ့ပါတယ်။
လဝကမှူး ဒေါ်ခင်နှင်းအေးနှင့် လ/ထ လဝကမှူး ဒေါ်ရွှေအိမ် တို့နှစ်ဦးသည် ဟိုပန်မြို့၌ တာဝန်ထမ်းဆောင်သည် မှာ အလွန်ကြာခဲ့ပါပြီ။ မြို့သူ/သား များနှင့်လည်း အဆင်ပြေခြင်း မရှိသည့်အပြင် နှစ်သက်ခြင်း မရှိသည့်အတွက် ၎င်းတို့နှစ်ဦးအား အခြားမြို့နယ်သို့ ပြောင်းရွှေ့တာဝန်ချထားစေလိုပါတယ်။ လဝကမှူး ဒေါ်ခင်နှင်းအေးသည် အသက်(၆၀)ကျော်နေပါပြီ။ ၎င်းကိုယ်တိုင် လဝက ဝန်ထမ်းဖြစ်သည့် အတွက် ၎င်း၏အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွင် အသက်လိမ်လည်ထည့်ထားခြင်းကြောင့် ယခုအချိန်ထိ ပင်စင်ယူခြင်း မရှိပါ။
စိုင်းစွမ်
Tags: Letter to Editor

