ဖြစ်သင့်တာတွေ ဖြစ်ရအောင်လို့ ပြောပြလိုက်မယ်
သို့- သျှမ်းသံတော်ဆင့်
မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးကိုရွှေ့တော့မယ်၊ နေရာဟောင်းမှာ ဟော်တည်ဇုံ အစားထိုးမယ်၊ မူဆယ်မြို့ဒေသခံ ထုန့်မောဝ် အများပိုင်ကုမ္ပဏီကြီးကလုပ်မယ် ဆိုတဲ့စကားတွေက ဒီနေ့မူဆယ်မြို့ကြီးမှာ ရေပန်းစားနေတော့ ဖြစ်သင့်ဖြစ်ထိုက်သိသင့်သိထိုက် လုပ်သင့်လုပ်ထိုက်တာတွေ သျှမ်းသံတော်ဆင့်ကဘဲ သွန်ပြရတော့တာပေါ့ရှင့်..
ထုန့်မောဝ်အများပိုင်ကုမ္ပဏီဆိုတာ ဒုသမ္မတ ကထောင်ခိုင်း ထားတာဆိုပြီးပြောကြတယ်။ အမှန်တော့ ဒုသမ္မတရဲ့ Second Lady ရဲ့ဆန္ဒလို့ထင်တယ် ။ လေဒီရဲ့ဖဲရိုက်ဖေါ်ရိုက်ဖက် နဲ့ နွယ်ရာ စိုင်းထွန်းလှ ကနေ လိုက်စည်းရုံးရင်း အမျိုးသားလွတ်တော်အမတ်(မူဆယ်) ဦးဝင်းမောင်၊ ပြည်သူ့ လွှတ်တော်အမတ် (နမ့်ခမ်း) Dr.ကျော်အုန်း၊ ပြည်နယ်လွှတ်တော်အမတ်(နမ့်ခမ်း) ဦးတင်ဦး အပါအဝင် နမ့်ခမ်းနဲ့မူဆယ်မြို့မျက်နှာဖုံး များလို့ဆိုရမဲ့ကိုယ့်ကိုယ်ကို ဘာ ကျားမှန်းမသိတဲ့... ရေပေါ်ဆ ကျား ..ငကြောင်များပါတာပေါ့။ ထွန်းလှ (သုံးဘီး ) ကနောက်ခံသူဌေးကြီးလုပ်ပြီး ငွေထဲ့စရာ မလိုဘူး တစ်ဦးကိုသိန်းတစ်ရာစီအခ မဲ့ ထဲ့ပေးမယ်လို့စည်းရုံးပြီးတော့ထောင်ထားတဲ့ကုမ္မဏီရဲ့ MD က ဦးစိုင်းမောင်စိန်တဲ့။ အခုထိတော့လိုင်စင်တောင်တရားဝင်မကျသေးပါဘူး။ နမ့်ခမ်းအမတ်များလဲ တလောကထွက်ထားတဲ့စီမံကိန်း..သဘောထားကြေညာချက်ကိုမေ့သွားလားမသိ။
ဆေးရုံကြီး ကိုရွှေ့ဖို့မကြိုးစားခင် (၁) MDဦးမောင်စိန်အိမ်ရှေ့ကလို မူဆယ်မိုးရွာရင်လမ်းဘေးမြောင်း လျှံ ပြီးရေကျော်နေတဲ့ကိစ္စ (၂) ကုမ္မဏီ ဒါရိုက်တာကြီးများရဲ့အိမ်ရှေ့တွေမှာအခန်းဖွဲ့ အဖီထိုး ဆိုင်ခန်း ငှား ထားလို့ ဈေးဆိုင်ခန်းများကြောင့်ဖြစ်နေတဲ့လမ်း ယာဉ်ပိတ်ဆို့မှုဒါတွေအရင်မစဉ်းစားသင့်ဘူးလား၊ ဒါမှမဟုတ် မူဆယ်မြို့တော်ရဲ့စည်ကားလို့သွားလာနေတဲ့လူတွေအတွက်ဒါရိုက်တာကြီးများရဲ့ လက်ရှိအိမ်နေရာတွေမှာ မြို့စည်ပင်သာယာဝပြောစေမဲ့ သန့်စင်ခန်း (အိမ်သာ) တွေဆောက်။ ပိုက်ဆံကောက်.. ခင်းဗျားတို့က အခုရွှေ့ မဲ့ ဆေးရုံနေရာမှာပြောင်းနေ ..ဒီလိုဆိုရင်ကုသိုလ်လဲရ ၀င်ငွေလဲကောင်း မြို့ကြီးလဲ စည်ပင်ပေါ့။ မဟုတ်ဘူးလား။
ဒီလိုမှမဟုတ်....ဆေးရုံကြီးကိုရွှေ့မယ်ဆိုရင်တော့ လူထုရဲ့ သဘောထားစစ်တမ်းလေးအရင် မကောက်သင့်ဘူးလား။ လက်ရှိဆေးရုံနေရာကိုရော အဆင့်မြင့်အောင် မလုပ်သင့်ဘူးလား ( မလုပ်နိုင်ဘူးလား ) ရွှေ့သင့်ရွှေ့ထိုက်တယ်ဆိုလဲ ပြည်သူကိုအကြိုးအကြောင်း ဆီလျော်အောင် ရှင်းလင်းပြောပြဒါမျိုးမလုပ်သင့်ဘူးလား....... အများပိုင်ကုမ္မဏီကြီး ရှင်. ... သေချာလဲစဉ်းစားကြပါအုံး ပညာရှိမြို့မျက်နှာဖုံးကြီးများရယ် . .. .
မြို့ခံပြည်သူ
မူဆယ်မြို့
Tags: Letter to Editor

