နမ့်ခမ်းမြို့ ပတ်ပတ်လည် လယ်ကွင်းများမှ ဖွဲညှော်နံ့၊ မြို့တွင်းလူထု ၂၄ နာရီ ခံနေရ၊ အသက်ရှူမဝ ဖြစ်ကြရ
သို့-သျှမ်းသံတော်ဆင့် အယ်ဒီတာမှ တဆင့် သက်ဆိုင်ရာတာဝန်ရှိ ကျန်းမာရေးဌာနထံ
ကျမတို့ နေထိုင်သော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် တောင်သူဦးကြီးများ စပါးစိုက်သော လယ်ကွင်း များမှ ချွေပြီးသော စပါးခွံများကို မီးရှို့သဖြင့် ထွက်ရှိလာသော ညှော်နံ့များကို နေ့ရောညပါ ရှူရှိုက်နေရတာ ၅ ရက် ၅ ည ရှိနေပါပြီ။
၎င်းအနံ့များကြောင့် ရင်ကျပ်ဝေဒနာရှင်များ ရောဂါပိုသည်းလာသလို သာမန်လူများပင်လျင် နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ၊ မျက်လုံးစပ်ခြင်း၊လည်ချောင်းယားယံခြင်း ၊ ချောင်းဆိုးခြင်း အစရှိ ကျန်းမာရေးအတွက် ဆိုးကျိုးများခံနေရပါသည်။
နမ့်ခမ်းမြို့ထွက် ဆန်စပါးများမှာလည်း နမ့်ခမ်း ဒေသခံများ ၀ယ်ယူစားသုံးခွင့်မရှိဘဲ တရုတ်ဘက်ခြမ်းမှ ဆန်ကုန်သည်များကပင် တရားမဝင် လမ်းမှ ဈေးကောင်းပေးဝယ် သယ်ဆောင်သွားပါသည်။
စပါးခွံ မီးရှို့သည့်ညှော်နံ့ကို ဆိုးဆိုး ဝါးဝါး ခံနေရသော ရပ်ကွက်များမှာ အောင်မေတ္တာ ၊ပေါက်တိုက် ၊ပေါက်တင်မ၊ဟိုနောင်၊မိုခမ်း စသောရပ်ကွက်ဖြစ်သည်။ အထက် ပါအကြောင်း အရာကို သက်ဆိုင်ရာ ကျန်းမာရေးဌာန မှ လျှင်မြန်စွာ ကွင်းဆင်းပြီး ဖြေရှင်းပေးပါရန် သျှမ်းသံတော် သတင်း ဌာန မှတဆင့် တင်ပြအပ်ပါသည်- ရှင့်။
ရင်ကြပ်ရောဂါဝေဒနာသည် နန်းမြင့်
Tags: Letter to Editor