လိုင်ဇာရောက် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့အား မြန်မာ့တပ်မတော်ကဖမ်းဆီး



ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ရောက်ရှိလာသော ငြိမ်းချမ်းရေးလမ်း လျှောက်အဖွဲ့အား အစိုးရ၏ စစ်တပ်က ဖမ်းဆီးကာနေပူလှမ်းထားကြောင်း သိရသည်။


ယခုလ ၂၁ ရက်နေ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ရောက်ရှိလာသည့် ဦးနေမျိုးဇင် ဦးဆောင်သည့် ငြိမ်းချမ်းရေးလမ်းလျှောက်အဖွဲ့ ယနေ့လိုင်ဇာမြို့မှ ဗန်းမော်သို့ အပြန်တွင် လဂျားယန်ရှိ မြန်မာအစိုးရတပ်က ထိန်းသိမ်းခေါ်ဆောင်ကာ နေပူလှမ်းထားခြင်းဖြစ်သည် ဟုဆိုပါသည် ။

၎င်းအဖွဲ့တွင် အသက် ရ၀ ခန့်အရွယ် ဗန်းမော်မြို့ NLD ပါတီဥက္ကဋ္ဌ ဦးဘမြင့် အပါအဝင် လူ ၃၀ ကျော်ခန့် ပါဝင်ပြီး ယခုလ ၁၉ ရက်နေ့က ဗန်းမော်မှ လိုင်ဇာသို့ ထွက်ခွာလာခြင်း ဖြစ်သည် ။ လိုင်ဇာရှိ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါး ပစ္စည်း ကျပ် ၁၈ သိန်းဖိုး လှူဒါန်းခဲ့ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates