သမဝါယမချေးငွေကိစ္စ
သို့- နိုင်ငံတော်သမ္မတနှင့်ပြည်ထောင်စုသမဝါယမဝန်ကြီး
လင်းခေးမြို့သမဦးစီးမှူး ဦးလှကျော်မှ ရပ်ကွက်တွင်း သမအဖွဲ့ ဖွဲ့စည်း၍ နိုင်ငံတော်မှပေးသော ချေးငွေများယူကြပါရန်လိုက်လံ တိုက်တွန်းနေပါသည်။
သို့သော်ပြည်သူအများက အစိုးရအဖွဲ့ယုံကြည်မှု မရှိသောကြောင့်လုံးဝစိတ်မဝင် စားကြပါ။ ၎င်းသည် စစ်မှုထမ်းဟောင်းဖြစ်ကာနေရာတကာတွင် လိုက် လံခြယ် လှယ်နေပါသည်။ နိုင်ငံတော်ငွေဖြင့် စစ်မှု ထမ်းဟောင်း အဖွဲ့မှလိုင်စင်မဲ့ကား ဝယ်စီးနေသည်ကို လည်း ပြည်သူများ သိနေပါသည်။
ပုံးထွန်နှင့်တောင်ရွာခြံပိုင်ရှင်များက (ငါတို့ခြံ)တွေလဲသိမ်းပြီ။ ချေးငွေယူပြီးဘာလုပ်ရမှာလဲ။တော်
ကြာငါတို့အိမ်ပါသိမ်းလိမ့်မယ် ဟုပြောကြပါသည်။ ငါတို့ခြံတွေပြန်ရရင်တော့ချေးကောင်း ချေးမယ် ဟုပြောကြပါသည်။ဒါပေမဲ့ထမင်းတော့လျှော့မစားနိုင်ဘူးဟုပြောကြပါသည်။
သို့ဖြစ်ပါ၍ ၎င်းတို့သိမ်းထားသောခြံများအား အမြန်ဆုံးပြန်ပေးပါရန် သျှမ်းသံတော်ဆင့်မှ တင်ပြလိုက်ပါသည်။
ရပ်မိရပ်ဖများ (ပုန်းထွန်+တောင်ရွာ)
Tags: Letter to Editor

