သျှမ်း/မြောက်၌ ခိုးဆိုးလုယက်မှု နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေ



သို့ - သမ္မတကြီးနှင့်သျှမ်းပြည်ဝန်ကြီးများသိစေလို

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်၊နမ့်ခမ်းမြို့နယ် အတွင်းရှိ ဘောလုံးလောင်းကစားဒိုင် များသည် ၂၁.၁.၂၀၁၃ နေ့  သျှမ်းသံတော်ဆင့်သတင်းဌာန တွင် ဘောလုံးသတင်းပါလာသောကြောင့် ထိုနေ့ကစပြီး ဘောလုံး လောင်းကစား ဒိုင် ၂ ဒိုင်စလုံး ၅ ရက်တည်းသာပိတ်ခဲ့ရပြီး အခုတွင် အရင်လို ဘောလုံးလက်မှတ်များ ယခင်ရောင်းခဲ့သောနေရာများတွင် လွတ်လပ်စွာပြန်လည် ရောင်း နေ ပါသည်။


ဘောလုံးလောင်းကစားလုပ်ငန်းသည် ဘာလောင်းကစားဥပဒေမှ မငြိစွန်းနေတဲ့ ဥပဒေလား (သို့မဟုတ်) ဒေသခံ အာဏာပိုင်များနှင့် လိုင်းကြေးပေးနိုင်လျှင်လုပ်ကိုင်နိုင်ပါသလား ၊အထက်က သမ္မတ ကြီးနှင့် တကွ သျှမ်းပြည်ဝန်ကြီးများကို မေးမြန်းချင်ပါကြောင်း၊ လောင်းကစားတွေပေါများလာ သောကြောင့် ခိုးဆိုးလုယက်မှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေပါကြောင်း အထက်က တာဝန်ရှိ လူကြီးများအမြန် ဆုံး သိရှိရန်သျှမ်းသံတော် သတင်းဌာန မှတဆင့် တင်ပြလိုက်ပါတယ်ရှင်။

 နန်းနန်း (နမ့်ခမ်း)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates