လာဘ်ပေးလာဘ်ယူ သူတို့ကြည်ဖြူ
သို့- သျှမ်းသံတော်ဆင့်မှတဆင့်
၂၀၁၃-၂၀၁၄ခုနှစ်ဘဏ္ဍာရေးနှစ်အတွက်(၀က်)သားသတ်လိုင်စင်လေလံပွဲကို ၂၅-၁-၂၀၁၃ နေ့လည်က မကာဟိုခမ်း၊အောင်မြတ်ခန်းမ၊တာချီလိတ်မြို့တွင်ကျင်းပခဲ့သည်။
ထိုလေလံပွဲတွင် စည်ပင်ဝန်ကြီးဦးတူးမောင် နှင့်စည်ပင်ဝန်ထမ်းများအပါအဝင် သားသတ်လိုင်စင် ဆွဲမည့်သူများ တက်ရောက်ကြပါသည်။ ၀က်သားသတ် လိုင်စင် လျှောက်သူများမှ ဦးစိုင်းကျောက်၊ ပါလျှံ(၃)မှရရှိသွားသည်။ ပြတ်သွားသည့်ကြေးမှာ ကျပ် ၅၈၄ သိန်းဟုသိရသည်။လေလံပွဲမကျင်းပမည် ၂၄-၁-၂၀၁၃ ညတွင်ဦးစိုင်းကျောက် တို့သည် စာရေးမကြီးဒေါ်လဲ့လဲ့သင်းနှင့်ကြိုတင်တွေ့ဆုံ ဆွေးနွေး ခဲ့သည်ဟု သိရပါသည်။
ထို့ကြောင့်ထိုလေလံဆွဲပွဲ သည်ရိုးသားမှုမရှိဟုလေလံဆွဲသည့် ကျန်အဖွဲ့မှမကျေနပ် ပြောဆိုနေကြ သည်။အပြင်တွင် ကျပ် ၅၈၄ သိန်းပေးချင်မှပေးရမည်။ ကြိုတင်ညှိထားသောကြေးဖြစ် သည်။
မကျေနပ်သူဟောင်လိတ်အဖွဲ့
Tags: Letter to Editor

