ပင်လုံမြို့လောင်းကစားပွဲတော် အထက်လူကြီးသိကြပါသလား



သို့-သျှမ်းသံတော်ဆင့်

ပင်လုံမြို့ အနောက်ဘက် စွန်းလွန်းဘုန်းကြီးကျောင်းမှာ ကုန်းကင်း၊ လေးကောင်၊ ဖဲ အစရှိသော လောင်းကစားမျိုးစုံပွဲကို ပြုလုပ်နေကြပါသည်။ တလကျော်ကြာပါပြီ။ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ပြုလုပ်နေကြပါသည်။


ဒီအချိန်ဟာ ကျောင်းသားလေးတွေ စာမေးပွဲဖြေရတော့မယ့်အချိန်ပါ။ လောင်း ကစား ပွဲကလာသည့် အသံသည်တမြို့လုံးဆူညံနေပါသည်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ သဘောလေလား။ ပြောမည့်သူ တာမည့်သူလည်းမတွေ့ရပါ ။ ဘယ်တွေ့တော့မလဲ။  အားလုံးက ပိုက်ဆံရရင်  ကန်းကုန်ပြီလေ။  ရဲအစ စစ်တပ်ကအဆုံးပေါ့ဗျာ ။ ကဲ သမ္မတကြီးရေ..  သျှမ်းပြည်နယ်အစိုးရရေ .. ပင်လုံမြို့ကတော့ လောင်းကစားနဲ့ ဘိန်းစိုက်ခင်းတွေ ဝေနေတဲ့မြို့ ဖြစ်နေပြီဗျို့............


အလင်းရောင် (ပင်လုံ)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates