တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နှင့် မြန်မာအစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံ
ယနေ့မနက်ပိုင်း က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ နှင့် တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေး နွေး ခဲ့ကြသည်။UNFC နှင့် မြန်မာအစိုးရတို့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲ (ဓါတ်ပုံ-Hla Maung Shwe facebook)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဟောလီးဒေးအင်း၌ ဖေဖော်ဝါရီလ ၂၀ ရက်မနက် ၉ နာရီက စတင်ခဲ့ပြီး ကချင်တိုက်ပွဲ အရေးနှင့် နိုင်ငံရေးတွေ့ဆုံရေးအတွက် မူဘောင်ချမှတ်နိုင်ရေး အဓိကထားဆွေးနွေးမည့် တံခါးပိတ်အစည်းအဝေး ဖြစ်ကြောင်း နီးစပ်သည့် သတင်းရပ်ကွက် ကဆိုပါသည်။
မြန်မာအစိုးရ ဘက်မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့်အတူ ဦးခင်ရီ၊ ဦးအုန်းမြင့်၊ ဒုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ အကျိုးတော်ဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း၊ ဦးကျော်စိုးလှိုင်၊ ဦးကျော်ရင်လှိုင်၊ ဦးမင်းဇော်ဦး၊ ဦးသီဟန်၊ ဦးညိုအုန်းမြင့်နှင့် အဖွဲ့ဝင်များ စုစုပေါင်း (၁၇) ဦးခန့် တက်ရောက် ကြကြောင်းလည်း UNFC သတင်းရပ်ကွက်များက ဆိုပါသည်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) ဘက်က တွေ့ဆုံ ဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ (၁၂) ဦးအား အတွင်း ရေးမှူး နိုင်ဟံသာ နှင့် ဒေါက်တာ လဂျာ တို့ကဦးဆောင်၍ တက်ရောက် ဆွေးနွေးခဲ့ကြသည် ဟုလည်း ဆိုပါသည်။
ဆွေးနွေး ပွဲဖြစ်မြောက် ရေးအတွက် ထိုင်းအစိုးရ နှင့် ဂျပန် နိုင်ငံမှ လူသားခြင်း စာနာမှု အကူအညီ ပေးရေးအဖွဲ့ နိပွန် ဖောင်ဒေးရှင်းက ကမကထပြုသည်ဟုဆိုပါသည်။
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့တဘက်ကမ်း ရွှေလီ၌ ပြုလုပ်သော ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာအစိုးရ ဆွေးနွေးစဉ်က ဆွေးနွေးပွဲဖြစ်မြောက် ရေး အတွက် တရုတ်ဘက်က ကမကထ ပြုခဲ့ပါသည်။
Tags: News, politic