မူစယ်မြို့မှ အကျော်ကြားဆုံး၂၀၁၃ ဆီးဂိမ်းအကြို အကောက်ခွန် နှင့် န.က.သ လက်ဝှေ့ပွဲ



သို့- သျှမ်းသံတော်ဆင့်

၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ရး၃၀ အချိန်ခန့် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်း ခိုက်ရန်ဖြစ်ပွားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ၄င်းနှင့်ဆက်နွယ်ပြီး ည ၁၁: ၃၀ ခန့်တွင် မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ထပ်မံဖြစ်ပွား ခဲ့သည်။


ဖြစ်စဉ်မှာ ၁၁.၃.၂၀၁၃ ရက်နေ့ ညနေ ၇:၃၀နာရီအချိန်တွင် မူဆယ် ၁၀၅ မိုင်မောင်းတံဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အကောက်ခွန်ဝန်ထမ်း ဦးထွန်းဝင်းနှင့် တာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ ဒေသတွင်းစားသုံးရန်တင်ဆောင်လာသောအာလူး၊ မုန်လာဥအနီ၊ မုန်လာဥအဖြူ၊ ငရုတ်ပွနှင့်အခြားသစ်သီးများ တင်ဆောင်လာသောကားနှစ်စီးအားစစ်ဆေးနေစဉ် ဟိုင်းလပ်ကားအဖြူရောင်မှ အမည်မသိလူနှစ်ဦးက ဓါတ်ပုံရိုက်ယူနေကြောင်းတွေ့ရှိရသဖြင့် မည်သည့်အတွက်ကြောင့် ဓါတ်ပုံရိုက်နေကြောင်း မေးမြန်းရာ မချေမငံပြောဆိုမှုဖြစ်ပွားပြီး ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခဲ့ ပါသည်။

ထိုအမည်မသိလူနှစ်ဦးမှာ၎င်းတို့သည် နယ်စပ်ကုန်သွယ်ရေး Mobile Team တွင်တာဝန် ထမ်းဆောင် နေသော တပ်မတော်မှအသွင်ပြောင်းဦးစီးအရာရှိတစ်ဦးနှင့် အခြားအဆင့်တစ်ဦး ဖြစ်ကြောင်း ပြောဆို သည်ဟုသိရပါသည်။ ၄င်း ၀န်ထမ်းနှစ်ဦးမှာ တာဝန်ကျဝန်ထမ်း ယူနီ ဖောင်းဝတ်ဆင် ထားခြင်း မရှိဘဲ အရပ်ဝတ်သာဝတ်ဆင်ထားပြီး သောက်စားမူးယစ်ထားသည်ဟုသိရပါသည်။ Mobile Team ၏ တာဝန် အမှန်မှာ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် အခြားမိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် အကောက် ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သတင်းမီဒီယာအဖွဲ့များဖြင့် ကုန်သွယ်ရေးဇုန်၏ အပြင်ဖက်မှ အခွန်တိမ်းရှောင်သည့်တရားမဝင်ကုန်စည်များသယ်ဆောင်နေသည့် လမ်းကြောင်းများပေါ်တွင် တာဝန်ထမ်း ဆောင်ရန်သာ ဖြစ်ပါသည်။ သို့သော် ယခုဖြစ်စဉ်တွင်လည်း န.က.သ ၀န်ထမ်းမှာ ၄င်းတို့၏ အစဉ်အလာအတိုင်း တာဝန် ထမ်းဆောင်နေသည့် မည်သည့်အဖွဲ့အစည်း ကိုမှ လေးစားမှုမရှိဘဲ ရာထူးအရှိန်အဝါသုံးကာ ရိုင်းပြစွာပြုမူ ဆောင်ရွက်ခဲ့ကြောင်း၊ တာဝန်ကျဝန်ထမ်းများအားလည်း ကိုယ်ထိလက်ရောက် တုန့်ပြန်ခဲ့ပါသည်။

ထိုကဲ့သို့ ကိုယ်ထိလက်ရောက်တုန့်ပြန့်သည့်အပြင် ၄င်းမှာ ထိခိုက်မှု ကြီးကြီးမားမားမရှိပါ ဘဲ မူစယ် ပြည်သူ့ဆေးရုံသို့ တက်ရောက်ခဲ့ပါသည်။ ထို့အတွက် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများမှ ဌာန ဆိုင်ရာဝန်ထမ်းအချင်းချင်းပြေလည်မှုရရှိစေရန် မည်သူမှားသည်၊ မှန်သည်ဟု သဘောမထားဘဲ တောင်းပန်ရန်ဆေးရုံသို့ လာရောက်ခဲ့ပါသည်။ ဆေးရုံသို့ရောက်ရှိလာစဉ် ဦးဟန်( ညွှန်ကြားရေးမှူး၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ) အား ဦးလွင်ဦး( အကောက်ခွန်မှူး၊ အကောက်ခွန်ဦးစီး ဌာန )မှ ထပ်မံဓါတ်ပုံရိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်ပြောဆိုရာ ဦးဟန်မှ စတင်ပြီးကိုယ်ထိ လက် ရောက် ထိုးကြိတ်ခဲ့ရာမှ ဦးလွင်ဦးကလည်း ပြန်လည် ထိုးကြိတ်ခဲ့ပါသဖြင့် ဆေးရုံတာဝန်ကျဝန်ထမ်း များနှင့် ရဲတပ်ဖွဲ့ဝင်များမှ ၀င်ရောက်ဖြန်ဖြေခဲ့ပါသည်။ ညွှန်ကြားရေးမှူး ဦးမြဟန်မှာ မူစယ် ၁၀၅-မိုင်ဒေသတွင် ၄င်းတို့ န.က.သ ပြီးမှသာ ပြီးရမည်ဖြစ်ကြောင်း၊ ဒီဒေသမှာငါတို့ န.က.သ ဆိုတာဘယ်ဌာနကိုမှ ဂရုမစိုက်ခဲ့ကြောင်း စသဖြင့် အာဏာကိုအလွှဲသုံးစားလုပ်ကာအာဏာရှင်ဆန်ဆန် ပြောဆိုပြုမူခဲ့ပါသည်။

၎င်းညွှန်မှူးဆိုသူမှာ ယခင်န.က.သ ဦးဆောင်ခဲ့သည့်ခေတ်တွင် လာဘ်ပေး လာဘ်ယူတွင်လည်း ဘုရင် တစ်ဆူ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်ကာ ကြိုးစားတည် ဆောက်နေသည့် ပြောင်းလဲနေပြီဖြစ်သောခေတ်အခြေအနေကို ၄င်းအနေဖြင့်လက်ခံလိုခြင်းမရှိဘဲ နောက်ပြန်သွားလိုသည့် ဆန္ဒသာရှိကြောင်း ၄င်း၏ န.က.သဌာနမှ ၀န်ထမ်းများကိုယ်တိုင် ပြော ဆိုသည်ကို  ကြားဖူးကြောင်း မူစယ်ဒေသခံများမှ ပြောဆိုနေကြပါသည်။

၎င်းဖြစ်ရပ်မှာ တစ်နိုင်တစ်ပိုင်ကုန်သွယ်နေသောဒေသခံများ၊ ကုန်သည်များနှင့် တိုင်းရင်းသား များအတွက် အာဏာရှင်ဆန်ဆန်ဖိနှိပ်နေသည်ဟုခံစားနေကြရပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်း အချင်းချင်းလည်း ဂုဏ်သိက္ခာမဲ့စွာခွဲခြားဆက်ဆံခံနေကြရကြောင်း၊ စည်းကမ်းပြည့်ဝသော ခေတ်မှီ ဖွံ့ဖြိုးသည့် ဒီမိုကရေစီနိုင်ငံတော်သစ်ဖော်ဆောင်ရာတွင်လည်း ခလုတ်ကန်သင်း၊အတားအဆီး၊ အမှိုက်တစ်ခုဖွယ် ဖြစ်နေကြောင်း သုံးသပ်မိပါသည်။



ဂိုးချေ (မောမြေ)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates