တာချီလိတ်မြို့ဆန်ဆိုင်းဈေး စည်ပင်မြေတွင်တရားမဝင်ငွေကြေးကောက်ခံခြင်းအား ဖြေရှင်းပေးပါရန်



သို့- သျှမ်းသံတော်ဆင့်အယ်ဒီတာ

တာချီလိတ်မြို့ဆန်ဆိုင်းဈေးကားလမ်းဘေးတွင် ဈေးလာဝယ်သောကားများဆိုင်ကယ်များသည် ရပ်နားခအဖြစ် အခကြေးငွေပေးဆောင်နေရပါသည်။

0000-
ဈေးဝယ်ရန်အတွက်ခဏလေးရပ်လျှင်လည်း မရကြောင်း ရပ်နားခ အခကြေးငွေပေးမှရပ်ခွင့်ရှိကြောင်း ပြောဆိုမောင်းထုတ်နေပါသည်။ ထို့ကြောင့်မည်သူ့ခွင့်ပြုချက်နှင့်ကောက်ခံနေပါသလဲ ဟု စုံစမ်း မေးမြန်းရာ ဆန်ဆိုင်းဈေးသူဌေးအား တနေ့လျှင် (၅၀၀)ဘတ်ပေးသွင်း၍ ကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။

ကျနော်တို့ကားများဆိုင်ကယ်များရပ်သောနေရာသည် ၄င်းတို့၏ဈေးဧရိယာနှင့် လည်း မသက်ဆိုင်သော ဈေးတဖက်ခြမ်း ကားလမ်းမတဖက် စည်ပင်ပိုင်မြေတွင်လည်း ရပ်၍ မရဖြစ်နေပါသည်။ အထက်ပါ ဖြစ်စဉ်အား သက်ဆိုင်ရာမှတာဝန်ယူဖြေရှင်းပေးနိုင်ရန်ဓါတ်ပုံနှင့်တကွတင်ပြလိုက်ပါသည်
0001-0002-0003-


တာချီလိတ်သား




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates