လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ အမျိုးသမီးကဏ္ဍဖြင့်အဆုံးသတ်



ယနေ့ လားရှိုးမြို့၌ကျင်းပသော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း - သျှမ်းပြည်နယ်၊ ကယားပြည်နယ် ဆွေးနွေးပွဲ နောက်ဆုံးနေ့၌ အမျိုးသမီးကဏ္ဍဖြင့် အဆုံးသတ်ခဲ့ကြကြောင်း စုံစမ်းသိရှိ ရ ပါသည်။

shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ဒီနေ့တော့ အမျိုးသမီးတွေ တက်ရောက်စကားပြောတယ်။ သျှမ်းအမျိုးသမီးမှာဆိုရင် ဒေါ်နန်းဆိုင် နောင့်ကတက်ပြောတယ်။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးမှာ CSOs (Civil Society Organizations ) က မပါမဖြစ် ပါဝင်ရမယ်လို့ ပြောသွားတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးကပြောပါသည်။

နန်းဆိုင်နောင့်၏ ဆွေးနွေးမှုကို ထောက်ခံကြသူများများပြားကြောင်း ဆိုပါသည်။ အလားတူ ကယား အမျိုးသမီးများလည်း တက်ရောက်ဆွေးနွေးပြောကြားကြပြီး  နန်းထွေးမှုံကလည်း စစ်မှန်သော ငြိမ်းချမ်းရေးရလိုပါက တရားဥပဒေပိုင်းဆိုင်ရာလည်း ပြုပြင်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့သည်ဟုဆို၏။

“ စစ်မှန်သောငြိမ်းချမ်းရေးရလိုရင် တရားစီရင်ရေးအပိုင်းမှာလဲ ပြုပြင်ရမယ်။ အခု တရားစီရင်ရာမှာ ဘက်လိုက်လွန်းတယ်။ လာဘ်စားတယ်။ တရားမျှတမှုမရှိဘူး။ ဒီလိုလုပ်ခြင်းဟာဖြင့် တယောက်နဲ့ တယောက် တရွာနဲ့တရွာ လူမျိုးတမျိုးနဲ့တမျိုးကြားမှာ ပဋိပက္ခတွေ၊ ကွဲပြားမှုတွေ ဖြစ်လာနိုင်တယ် ” ဟု ပြောခဲ့၏။

ယနေ့နောက်ဆုံးရက်ဖြစ်သောဆွေးနွေးပွဲသို့ တက်ရောက်သူ ၁၈၃ ဦးရှိကာ အမျိုးသမီးများ ဆွေးနွေး မှုဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ညနေပိုင်းတွင်မူ  သဘောထားကြေငြာချက်ထုတ်ပြန်ရန်ရှိကြောင်း လည်းသိ ရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates