အစိုးရတပ်နှင့် ပြည်သူ့စစ် - ကျေးလက်တောင်ယာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်



 သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်အနီးရှိ ကျေးလက်လူထု ၏ တောင်ယာထဲသို့ မြန်မာစစ်တပ်မှ ယမန်နေ့ က လက်နက် ကြီးများ စက်သေနတ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသည့် ဒေသခံများပြောပြချက်အရသိရပါသည်။


“ကျနော့်  ယာဘေးက ယာထဲကို ပစ်ချတာ။  အားဟုန်ဆိုသူရဲ့တောင်ယာ လုပ်ကွက် ပေါ့။ သျှမ်းစစ်သားတွေ လာတယ်ဆိုပြီး လိုက်ပစ်တဲ့သဘော။ ဒါပေမယ့် အဲဒီမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်လဲ ကြောက်ကြောက်နဲ့ ဒီဘက်ခြမ်းကူးလာတာ” ဟု တောင်ယာ လုပ်သားတဦးက ပြောပါသည်။

မတ်ခ်ျ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီ မှ ၁ နာရီခွဲအထိ ဟိုမိန်းမြို့နယ်ခွဲအတွင်း လွယ်နဂါးတောင်ကြောဘက် သို့ ဝမ့်ပန် (နမ့်ဟူးဖရား ထမ့်) ပြည်သူ့စစ်အဖွဲ့ ၄၀ ယောက်၊ မတ်ကျိုင်းပြည်သူ့စစ် ၂၀ ယောက်၊ နားယိုင်း ပြည်သူ့စစ် ၂၀ ယောက်တို့အပြင် ဟိုမိန်းပြည်သူ့ စစ်တို့ ပါဝင်သည့်အင်အား ၁၆၀ ကျော် နှင့် မြန်မာ အစိုးရတပ် ခလရ ၂၈၇ တို့ ပူးပေါင်းပြီး စစ်ကြောင်းလှည့်ကြောင်း၊တောင်ယာ အတွင်း မီးခိုးထွက်နေသည်ကို အကြောင်းပြု၍ သျှမ်းစစ် သားများရှိသည်ဟုဆိုကာ မနီးမဝေးမှ လက်နက်ကြီး အလုံး ၃၀ ကျော် ၊ စက်သေနတ်များဖြင့် နာရီ ဝက်ကြာအောင် အားဟုန်ဆိုသူ၏ တောင်ယာအတွင်း ပစ်ခတ်ခဲ့ကြောင်း၊ အနီးရှိ တောင်ယာလုပ်သား ၁၀ ဦး ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးကြောင်း၊ အဆိုပါ အစိုးရတပ်တိုက်ခိုက်သည့်ဒေသအနီးတွင် သျှမ်းစစ် သား RCSS/SSA တစ်ယောက်မှ မရှိကြောင်း ဒေသအတွင်း အရာရှိတဦးကပြောပါသည်။

“ကျနော့်အမြင်ကတော့ အစိုးရတပ် လုပ်ရပ်က တပ်မတော် အာဏာပြန်ရှိလာအောင် ငြိမ်းချမ်းရေးကို တမင်ဖျက်ဆီးချင်တာဘဲ လို့ပြောချင်တယ်။ သစ်ပင်လှုပ်တိုင်း၊ မီးခိုးထွက်တိုင်း ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာက အပစ်မရပ်ခင်ကာလက အနေအထား အတိုင်းလုပ်နေတာ။ တောင်သူယာသားတွေရှိနေရင် အကုန်သေမှာ ပေါ့” - ဟု အဆိုပါ RCSS/SSA အရာရှိက ပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အစိုးရ စစ်ကြောင်းနှင့်အတူ ပွိုင့်ထိုးပေးရသည့် ပြည်သူ့စစ်တပ်ဖွဲ့မှ ဒုဗိုလ်အဆင့် ရှိသူက တောင်ယာအနီးထောင်ထားသည့် မိုင်းတလုံး နင်းမိကာ ပွဲခြင်း ပြီးသေဆုံးသွားသောကြောင့် ထိုကဲ့သို့ တောင် ယာဘက် သို့ ရမ်းတမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့စစ်နှင့် နီးစပ်သူတဦးက ပြောပါသည်။

RCSS/SSA အတွက် ဌာနချုပ်တည်ရန် သဘောတူညီမှုရထားသည့် မိုင်းထားမြို့နယ်ခွဲအတွင်းရှိ လွယ်မွတ်နန်းလျဲန်း စခန်းမှ ၂၀ ရက် နေ့ နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရန် တြိဂံတိုင်းမှူးက ညွှန်ကြားထားသော်လည်း လွယ်တိုင်းလျဲန်း ဌာနချုပ်က  အစည်း အဝေး ခေါ်ယူဆုံးဖြတ်ခြင်းမရှိသေးကြောင်း၊ သို့သော် မပြတ်သားသည့် စစ်ရေးထိန်းချုပ်နယ်မြေသတ်မှတ်ရေးအတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ဦးအောင်မင်းထံ အကြောင်းကြားထားသည်ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်း က ပြောပါသ ည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates