ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုဒါ စစ်ပွဲများကြားကစစ်ပွဲလား



အခုချိန်မှာ အပစ်ရပ်တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဘာမှလုပ်ခွင့်မရှိသေး ပါဘူး။ အစိုးရရဲ့တပ်မတော်ဟာ အပစ်ရပ်တယ်သာပြောတာ ။ တကယ်တော့ နေ့လည်စာစား ခဏနားနေတာဖြစ်ပါတယ်” လို့ ပြီးခဲ့တဲ့အပတ်က အစိုးရဝန်ထမ်း ဟောင်းတဦးက ကျနော့်ကို ပြောပါတယ်။

ludendorffဂျာမနီ စစ်ဗိုလ်ချုပ်ကြီး Erich Ludendorff

ယခုလက်ရှိ မြန်မာအစိုးရရဲ့ စစ်တပ်က ကျင့်သုံးနေတဲ့  ဝါဒ   က Total War ခေါ် အကြွင်းမဲ့စစ် ဖြစ်နေတယ်လို့ သူကပြောပါတယ်။

Total War ဆိုတဲ့ အကြွင်းမဲ့စစ်ကို  ဂျာမနီ စစ်ဗိုလ်ချုပ်ကြီး Erich Ludendorff (၁၈၆၅- ၁၉၃၇)  က ရေးသားဖော် ထုတ်ခဲ့ပြီး သူမရှိတော့တဲ့နောက်ပိုင်းမှာတော့ ဟစ်တလာဦးဆောင်တဲ့ နာဇီဝါဒီများက ဆက်လက် လက်ကိုင်ကျင့်သုံးခဲ့ တဲ့စနစ်ဖြစ်ပါတယ်။

အဲဒီစနစ်မှာဘာတွေပါသလဲဆိုတော့ -
၁- နိုင်ငံရေးသည် စစ်ရေးအောက်တွင် ရှိရမည် ။
၂-စစ်ရေးဖြင့် တိုက်ခိုက်ခြင်းသာမက နိုင်ငံရေး၊ စီးပွါးရေး ၊ အဖက်ဖက်က တိုက်ခိုက်ရမည်။ လူထု တခုလုံးကိုစစ်ယန္တယားအဖြစ်သွတ်သွင်းရမည်။
၃-  စစ်တပ်၊ လူထုမရွေး အရာရာအားလုံးသည် စစ်တပ်အတွက် ပစ်မှတ်ဖြစ်သည်။
၎-ငြိမ်းချမ်းရေးဆိုသည်မှာ ခေတ္တ အပစ်ရပ်၍ စစ်ပြင်ဆင်မှုကိုဆိုလိုသည်။ “ စစ်ပွဲများကြားက စစ်ပွဲ” သာဖြစ်ပါသည်။  - လို့ဆိုပါတယ်။

ဒီအဓိက အချက်ကြီး ၄ ချက်ကိုကြည့်ခြင်းအားဖြင့် ကျနော်တို့ ဘာကိုတွေ့ရလဲဆိုတော့-
၁- သမ္မတကြီးသိန်းစိန်ကို   စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ရာထူးမှ မနားခင်)က သမ္မတအဖြစ် ခန့်အပ်ထားမှု။
၂-“နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတရပ်လုံးပါဝင်ရေးအတွက်” အစိုးရ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်မဟာဗျူဟာ ကိုအခြေခံဥပဒေဖြင့် ချထားခြင်း။
၃-၁၉၉၆ မှစ၍ သျှမ်းပြည်တွင်း ၁၁ မြို့နယ် ကျေးရွာ ၁၅၀၀ ရွာအား နေရာအဓမ္မပြောင်းရွှေ့ခိုင်းခြင်း၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ ကျေးလက်အမျိုးသမီးပျိုအိုမရွေးအား အဓမ္မပြုကျင့်ခြင်း ကိုစစ်လက်နက်များအဖြစ် အသုံးပြုခြင်း။
၎-  ကရင့်တပ်မတော်နှင့်အပစ်ရပ်ရေးသဘောတူညီမှုရယူပြီး ကရင့်ဒေသမှ မြန်မာ့တပ် များအား ကချင်ဘက်သို့ ထိုးစစ်ဆင်ရန်အသုံးပြုခြင်း။

ဘယ်အရာမဆို မစွန့်ယင် မရဘူးဆိုဒါဟုတ်ပါတယ်။ စစ်သေနင်္ဂဗျူဟာ ပညာရှင်ဆွန်းဇူးကလဲ တဖက်ရဲ့ ပရိယာယ်ကို တခါတရံမလိုက်လျောဘဲနဲ့ အောင်ပွဲမရနိုင်ဘူး ဆိုဒါလဲ မှန်ပါလိမ့်မယ်။ သို့သော်လဲဘဲ တချိန်ထဲမှာဘဲ သူက “ သတိကြီးစွာ လိုက်လျောမှု” ကိုအသုံးပြုပြီး ပေါ်လာတဲ့ အခွင့်အလမ်းဟူသမျှမလွတ်တမ်းဆုတ်ကိုင်ပြီး အသုံးချဘို့မှာကြားထားဒါကို မမေ့သင့်ပါဘူးလို့ပြောပါရစေ။

မှတ်ချက်- Total War (အကြွင်းမဲ့စစ်) ဟာ Karl von Clauswitz (1780-1831) ရဲ့“absolute war”   (အပြည့်အ၀စစ်) နဲ့တူသယောင်နဲ့ မတူဘူးလို့ဆိုကြပါတယ်။ Clauswitz က စစ်ရေးဆိုတာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတရပ်ဖြစ်တယ်။ နိုင်ငံရေးနဲ့ဖြေရှင်း၍မရမှ စစ်ရေးအရဖြေရှင်းရမယ် လို့ဆိုထားပါတယ်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates