မူစယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ကုန်ထမ်းအလုပ်သမားများ နေ့စဉ်ဝင်ငွေ ကျဆင်း



သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း ကုန်ထမ်းအလုပ်သမားဦးရေပိုတိုးခန့်အပ် နေ သဖြင့် အလုပ်သမားများ နေ့စဉ်ရရှိသည့် ၀င်ငွေမှာ ၃ ချိုး ၁ ချိုးခန့် ကျဆင်းသွားကြောင်း သိရသည်။

105 mail - phot - mmtimes                                            မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်

ယခင် ၄င်းကုန်သွယ်ရေးဇုန်အတွင်း အလုပ်သမားဦးရေ ရ၀၀ ကျော် အလုပ်လုပ်ကိုင်နေရာမှ ယခုနှစ်ဂျန္နဝါရီလပိုင်းမှ စ၍ ယနေ့အထိ အလုပ်သမားဦးရေ ၂၀၀ ကျော်ထပ်မံတိုးခန့်အပ်ခဲ့ရာ လက်ရှိတွင် ကုန်ထမ်းအလုပ်သမား ဦးရေ ၉၀၀ ကျော် ခန့်ရှိနေကြောင်း သိရသည်။

ယခင် အလုပ်သမားတစ်ဦး၏ တစ်ရက် ၀င်ငွေမှာ ကျပ်တစ်သောင်းခွဲခန့် ရရှိပြီး ယခုအခါ ကျပ်တစ်သောင်းဝန်းကျင် သာ ရရှိတော့ကြောင်း ၁၀၅ မိုင်ကုန်ထမ်း အလုပ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“၂၀၁၂  - ၁၂ လပိုင်းထဲမှာ ဦးစီးအရာရှိအသစ်ရောက်လာတယ်ပေါ့ဗျာ၊ သူရောက်ကတည်းက ခန့်လိုက်တဲ့အလုပ် သမားဟာ ဒီ နေ့အထိပဲ အရင် အလုပ်သမား ရ၀၀ ကျော်ကနေ အခု ၉၀၀ ကျော်သွားပြီ၊ ၀င်ငွေကလည်း အလုပ်သမား တစ်ယောက် တစ်ရက် တစ်သောင်းခွဲ ၀န်းကျင်ရတာကနေ အခု တစ်သောင်းဝန်းကျင်လောက်ပဲရတော့တယ်” ဟု သူက ပြောသည်။

ကုန်ထမ်းအလုပ်သမား အဖြစ် ၀င်ရောက်လုပ်ကိုင်နိုင်ရန် အတွက် အလုပ်သမားရုံး ၀န်ထမ်းအဆင့်ဆင့်အား ကျပ်ငွေ ၁၅ သိန်း ပေးရကြောင်းလည်း သူက ဆိုသည်။

“ပြုတ်သွားတဲ့စုမှူးရယ် ကြီးကြတ်ရေးမှူး ၂ ဦးရယ် သူတို့ဦးဆောင်ပြီး အလုပ်သမားတွေသွင်းနေတာ အဲဒီလူတွေ က လည်း သူတို့နဲ့အဆင်ပြေမှ ထည့်ပေးတာပေါ့နော်။ အစကတော့ လူတစ်ယောက်ကို ကျပ် ၁၀ သိန်းပေါ့၊ အဲဒီကနေပြီး အလုပ်ရဖို့ ငွေတွေတိုးပေးရာကနေ အခု ၁၅ သိန်း ဖြစ်သွားတာ၊ အဲလို ငွေတွေရနေလို့ မူဘောင်မရှိပဲ အလုပ်သမား တွေ ခန့်နေတာ” ဟု ဆိုသည်။

တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးအဓိက လမ်းကြောင်း တစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းပေါ်တွင် တည်ရှိ သည့် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုအခါ နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ပုံမှန်အနေအထားရှိကြောင်း လာ မည့် သင်္ကြန်ကာလ နောက်ပိုင်း မိုးကျချိန်တွင် ကုန်အဝင်အထွက်များ ကျဆင်းလေ့ရှိရာ ကုန်ထမ်းအလုပ်သမားများ၏ နေ့စဉ်ဝင်ငွေမှာ ပိုမိုကျ ဆင်းလာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယခုအခါ မြန်မာဘက်မှ ရာသီပေါ်သီနှံများ တင်ပို့ပြီး တရုတ်ဘက်မှ လျှပ်စစ်ပစ္စည်း၊ မြေဆီ၊ ဓါတ်မြေသြဇာ နှင့် တရုတ် ထွက် အသီးအနှံများ မြန်မာဘက် တင်သွင်းကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates