တာချီလိတ် သတ်ဖြတ်မှုကြောင့် စစ်ဗျူဟာမှူးအား တြိဂံတိုင်းခေါ်ယူစစ်ဆေး



ခလရ ၃၃၁ တပ်ရင်းမှူး နှင့် ဒုတပ်ရင်းမှူး ပစ်ခတ်သတ်ဖြတ်သည့် အမှုနှင့် ပတ်သက်ဆက်နွယ်ကာ တာချီလိတ်စစ်ဗျူဟာမှူး အား ကျိုင်းတုံ တြိဂံစစ်တိုင်းရုံးက ဆင့်ခေါ် ထိန်းသိမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း တပ်တွင်းမိသားစု သတင်းရပ် ကွက် ကဆိုပါသည်။

“တာချီလိတ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်အခု ကျိုင်းတုံရောက်နေတယ်။ တြိဂံစစ်တိုင်းရုံးက သူ့ ကို တိုက်ရိုက်ကိုင် တာ။ တပ်မတော်စစ်ဆေးရေးမှူး ဗိုလ်ချုပ်သောင်းအေးလဲ တာချီလိတ်မှာ ရှိနေ တုန်းဘဲ။ စစ်လို့ဆေးလို့ မပြီးသေးဘူး။ မြို့နယ်ရဲမှူး၊ စခန်းမှူးတွေလဲ ထိကုန်တယ်ပြောတယ်၊ ရဲ အရာရှိ တယောက်ကတော့ သင်တန်းနဲ့ ညှိနေလို့ ကံကောင်းသွား တယ်” ဟု တပ်တွင်းမိသားစုနှင့် နီးစပ်သည့် ဒေသခံတဦးကပြောသည်။

ဖေဖော်ဝါရီလကုန်က တာချီလိတ်အခြေစိုက် ခမရ ၃၃၁ မှ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီးဇေယျားဝင်းနှင့် တပ်ခွဲမှူးတို့ မူးယစ် ဆေးကိစ္စ၊ လိုင်စင်မဲ့ကားများနှင့်အခြားသော လာဘ်ပေးလာဘ်ယူမှုများကြောင့် အချေအတင် စကားများရာမှ ကျည်လွှတ် ထွက်ကာ တပ်ရင်းမှူး ထိမှန်သေဆုံးသွားကြောင်း၊  ထို ကိစ္စကြောင့် တာချီလိတ်စစ်ဗျူဟာမှူးအားလည်း တြိဂံစစ်တိုင်းရုံးက ထိန်းသိမ်းစစ်ဆေးနေ ကြောင်းဆို ပါသည်။

“တပ်တွင်းအရာရှိတွေအကုန်အစစ်ခံရတာ။ တပ်ကြပ်ကြီးအဆင့်အထိဘဲ။ အခုလဲ တပ်တွင်း မိသားစု တွေ အနေအထိုင် အဝတ်အစားကအစ ဆင်ခြင်နေရတယ်။ အဖမ်းခံရတဲ့လူတွေကို ဘယ်လို ထပ်ပြီး အရေးယူမလဲတော့မသိသေးဘူး” ဟု  တပ်တွင်းမိသားစု အသိုင်းအဝိုင်းတဦးကလည်းပြောပါသည်။

ဖေဖော်ဝါရီလဆန်းခန့်က တာချီလိတ်မြို့နယ် မိုင်းဖုန်းအုပ်စု ဝမ့်ဆမ်ဖူးရွာ (စိုင်းနော်ခမ်းအခြေချ လှုပ်ရှားနေထိုင်သည့်ရွာ) အတွင်း ယာဘ အစည်းပေါင်း ၇၀၀ ကို ခမရ ၃၃၁ ပူးပေါင်းပါဝင်သည့် အဖွဲ့က ဖမ်းဆီးခဲ့သည်။

သိမ်းဆည်းရမိသော ယာဘ အစည်း ၇၀၀ (တစည်းလျှင် ယာဘ ၁၀ ထုပ်၊ တစ်ထုပ်= အပြားပေါင်း ၂၀,၀၀၀ ၊ တပြား= အနည်းဆုံး ၄၅ ဘတ်ခန့်၊ တဘတ်= ၂၉ ကျပ်ခန့်) အနက် ဗျူဟာမှူးတဦးတည်း အစည်း ၂၀၀ ကျော် ခွဲယူသွားသည်ဟု တပ်ရေးဗိုလ်ကြီးနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။

တာချီလိတ် အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်အောင်သည် တာချီလိတ်မြို့သို့ ရောက်ရှိလာ သည်မှာ တနှစ်ပင်မရှိသေးဟု ဒေသခံများက ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates