SNLD ၏ ၆ လပတ် မြို့နယ်စုံညီ အစည်းအဝေး အမျိုးသမီးနှင့် လူငယ်များဆပ်ကော်မတီဖွဲ့စည်း



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ၆ လပတ် မြို့နယ်စုံညီအစည်းအဝေး မတ်လ ၂၄-၂၅ လားရှိုး၌ ကျင်းပရာ အမျိုးသမီးနှင့် လူငယ်များ ပါဝင်သည့် အလုပ် အမှုဆောင်အသစ် နှင့်ဆပ်ကော်မတီကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

002- shan kayah meeting at Lashioလားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ ဥက္ကဌ ၊ ဒု-ဥက္ကဌ နဲ့အတွင်းရေးမှူး တာဝန်ကို ပုဂ္ဂိုလ်ဟောင်းတွေကိုဘဲ ပြန်ပြီးတော့တာဝန်ပေးအပ်တယ်။ စည်းရုံးရေးမှူး ကိုတော့ တောင်ကြီးက ပါတီဥက္ကဌ ဖြစ်တဲ့ စိုင်းခမ်းပိုင်ဖ ကိုတာဝန်ပေးတယ်။ CC အဖွဲ့ဝင် ၂၅ ယောက်ကနေ ၃၉ ယောက် အထိ တိုးချဲ့တယ်။ စည်းရုံးရေးအပိုင်း၊ ဥပဒေရေးရာအပိုင်း၊ အမျိုးသမီးအပိုင်းနဲ့လူငယ်အပိုင်းအတွက် ဆိုပြီးတော့ ကော် မတီ ငယ် ၄ ခု ထပ်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတော့ လူငယ်လူရွယ်တွေ အမျိုးသမီးငယ်လေးတွေ CC ထဲမှာအများ ကြီး ပြန်ပါလာတယ်။ လုပ်ငန်းလဲ အရင်ထက်စာရင် မြန်ဆန်ထိရောက်မယ်။ စည်းရုံးရေးလဲ အရင်ကထက်ထိထိ ရောက် ရောက် လုပ်နိုင်မယ်လို့ မြင်ပါတယ် ” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

အဆိုပါအစည်းအဝေးအား လားရှိုးမြို့ရှိ SNLD ရုံး၌ကျင်းပခဲ့ကြောင်း၊ သျှမ်းပါတီများ ပေါင်းစည်းရေးကိစ္စအပြင် လာမည့် အောက်တိုဘာလ၌ကျရောက်မည့် ပါတီ၏ငွေရတုမွေးနေ့အတွက် လှုပ်ရှားမှုတခုခုလုပ်ရန်အတွက်ပါ ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့ကြောင်း စိုင်းလိတ်ကပြောပါသည်။

“ ကျနော်တို့ SNLD ပါတီကို ၁၉၈၈ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ပါတီတည်ထောင်လာတာ ဒီနေ့အထိ စဉ်ဆက် မပြတ် ပါတီလှုပ်ရှားမှုရှိခဲ့တယ်။ လာမယ့် အောက်တိုဘာလမှာ ၂၅ နှစ်ငွေရတုတိုင်မယ် ။ ကျနော်တို့ ငွေရတု လှုပ်ရှားမှု မှတ်တမ်း ပြည်သူတရပ်လုံးကိုချပြဖို့ရှိတယ်။ ဥပမာအားဖြင့် SNLD ရဲ့သမိုင်းကြောင်းဆိုင်ရာစာအုပ် ထုတ်တာမျိုးပေါ့နော်။ အဲတာကို ၆ လပတ်အစည်းအဝေးမှာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။” ဟု စိုင်းလိတ်ကပြောသည်။

SNLD သည် ၁၉၉၆ ခုနှစ်ကတည်းက SSPP/SSA ၊ SSNA တို့နှင့် ရှိခဲ့သည့် SSJAC သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီမူအတိုင်း အခုလည်း SSPP/SSA ၊ ပြည်သူ့စစ်အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်နှင့် SNLD တို့ ပူး ပေါင်း၍ နိုင်ငံရေးအရ မည်သို့ပူးပေါင်းမည်၊ ငြိမ်း ချမ်းရေးတည်ဆောက်မှုလုပ်ငန်း၌ မည်သို့ လက်တွဲဆောင်ရွက်နိုင်မည်၊ လူငယ်စွမ်းရည်မြင့်တင်ရေး ၌ မည်မျှလက်တွဲဆောင်ရွက်နိုင်မည် ဟူသည်ကို တွေ့ဆုံဆွေးနွေးပြီး လက်တွဲဆောင်ရွက်နေ ကြောင်းလည်း စိုင်းလိတ်ကပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates