သျှမ်း/မြောက် မူစယ်၌လည်း SSPP/SSA စီးပွါးရေးရုံး ထပ်မံဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မန့်ဝိန်းရပ်ကွက်တွင် ယမန်နေ့က သျှမ်းပြည်တိုးတက်ရေးပါတီ၏ စီးပွားရေးရုံးဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။
SSPP office                                  မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးဖွင့်ပွဲ
 
“ မနက် ၉ နာရီမှာ စဝ်စိုင်းထူးတို့က ဖဲကြိုးဖြတ်ဖွင့်ပေးတယ်။ ပရိသတ်က ၅၀ ကျော်ကျော်လောက်ရှိ တယ်။ RCSS က ပုဂ္ဂိုလ်တွေရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့လူထုတွေ ပါဝင်တယ်။ မန့်ဝိန်း ရပ် ကွက်မှာ ဖွင့်တာ” ဟု မူစယ်ဒေသခံ စိုင်းအိုက်က ပြောသည်။

မတ်ခ်ျလ ၅ ရက်နေ့ နံနက် ၉ နာရီတွင် သျှမ်းပြည်တိုးတက်ရေးပါတီ ဒု အတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးနှင့် ဗိုလ်မှူးခေးမောဝ် က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုပါသည်။

အခမ်းအနားတွင် လည်း  ဗိုလ်မှူးကြီးစိုင်းထူးကပင် မိန့်ခွန်းပြောကြားရာ- SSPP/SSA အနေဖြင့် အစိုးရနှင့် အပစ်ရပ်သည် မှာ လက်နက်ချခြင်းမဟုတ်။ မိမိတို့လက်ကိုင်ထားသော ပေါ်လစီကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစရှိသဖြင့် ပါဝင်ပါသည်။
SSPP office MS မူစယ်မြို့ SSPP/SSA စီးပွားရေးရုံးအား စဝ်စိုင်းထူးတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးစဉ်
 
“SSPP/SSA ရဲ့ပေါ်လစီဖြစ်တဲ့ တိုင်းရင်းသားများတန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကို ဆက်လက် အကောင် အထည်ဖော်သွားမယ်လို့စဝ်စိုင်းထူးကပြောတယ်။ ဖွင့်ပွဲပြီးတော့ သံဃာတော် ၅ ပါးကို နေ့ဆွမ်းဆက်ကပ်တယ်။ ပြီးရင် ခေတ်လားဟွမ် ဇရပ်မှာ ပရိသတ်တွေကိုကျွေးမွေးတယ်။ စည်စည်ကားကားလေးနဲ့ ကျင်းပနိုင်ခဲ့ပါတယ်” ဟု ပွဲတက် ရောက် သည့် စိုင်းအိုက် ကပြောသည်။

ယခုလ ၄ ရက်နေ့ကလည်း SSPP/SSA စီးပွားရေးရုံးကို နမ့်ခမ်းမြို့၌ ကျင်းပရာတွင်  ဗိုလ်မှူးကြီး စိုင်းထူးကပင် ဖွင့်လှစ် ပေးကြောင်း၊ ထိုစဉ်က အစိုးရ၏ အရေးသုံးပါကို လက်ခံကြိုဆိုကြောင်း၊  စစ်မှန်သည့်ပြည်ထောင်စု ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး  ၊  ဒီမိုကရေစီနှင့်   လူ့အခွင့်အရေးကို လိုလားကြောင်း မိန့်ခွန်းပြောကြားသွားခဲ့ပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates