ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီရုံး မူစယ်မြို့တွင် ဖွင့်လှစ်



ဦးအေးလွင် ဦးဆောင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ပါတီရုံးခန်းကို သျှမ်းပြည် (မြောက်ပိုင်း ) မူစယ်မြို့ စွမ်စော်ရပ်ကွက်တွင် မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည် ။


၎င်းပါတီ ရုံးဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးအေးလွင်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ဟူ၍ ခေါင်းစဉ် နှစ်မျိုးဖြင့် ဖွင့် လှစ်ခဲ့ကြောင်း မူစယ်မြို့ခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“သူတို့က ခေါင်းစဉ်နှစ်မျိုးနဲ့ပေါ့နော်။ ပါတီအနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံ ရေး အဖွဲ့ချုပ် တစ်ခုက ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပေါ့နော်။ ၈၈ မျိုးဆက်ကတော့ အုပ်စုစည်းရုံးရေး ကော်မတီပေါ့။ တနင်္ဂနွေနေ့နံနက် ၁၀ နာရီမှာ ၁၀၅ မိုင်ကနေ  သီချင်းဖွင့်ပြီး ဆင်းလာပြီးတော့ မူစယ်မှာလာဖွင့် သွား တယ်” ဟု မြို့ခံက ပြောသည် ။

ဖွင့်ပွဲအခမ်းအနားသို့ မူစယ်မြို့ရှိ နိုင်ငံရေးပါတီများကို ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း တက်ရောက်သူ ဦးရေနည်းပါးပြီး မွတ်စလင်ဘာသာဝင်အများစု တက်ရောက်ခဲ့ကြောင်း သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates