မူစယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ



သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။

gold-market
စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူစယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ် ။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည် ။

၎င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates