၂၀၀၈ ဖွဲ့စည်းပုံကြောင့် စစ်မှန်သောငြိမ်းချမ်းမှုလူထုမရနိုင်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြော



shrfဖွဲ့စည်းပုံဥပဒေ၌ စစ်တပ်အတွက် အာဏာပိုပေးထားသဖြင့် တိုင်းရင်းသားတပ်ဖွဲ့အား မြန်မာစစ်တပ်ထိုးစစ်ဆင်နေသည့် အပေါ် သမ္မတကြီးက အာဏာမပေးနိုင်ခြင်းဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ( သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာစစ်တပ်ထိုး စစ်ဆင်ရာဒေသ၌) ဒေသခံကျေးလက်လူထုအား မြန်မာအစိုးရ၏ စစ်ကြောင်းများက လူ့အခွင့်အရေး ချိုးဖောက်နေမှု ရပ့်တန့်ရေးအတွက် အစိုးရစစ်ကြောင်းများရုပ်ပေးရန်၊ ဒေသခံလူထုလူ့အခွင့်အရေးမချိုးဖေါက်ခံရရေးအတွက် သမ္မတကြီး ဦးသိန်း စိန်မှ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံတကာမှလည်း ဦးသိန်းစိန်အစိုးရအားဖိအားပေးရန် အဓိက ပါဝင်သည့် ကြေငြာချက် တစောင်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

အဆိုပါထုတ်ပြန်ကြေငြာချက်ပါအကြောင်းအရာနှင့်ပတ်သက်၍ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ခေါင်းဆောင် စဝ်ခမ်းဟန်ဖှက “၂၀၀၈ ဖွဲ့စည်းပုံမှာ  သမ္မတထက် စစ်တပ်ကို အာဏာပိုပေးထားတဲ့အတွက်ကြောင့် စစ်တပ်အပေါ် သမ္မတကနေ အာဏာမပေးနိုင်တာဖြစ်တယ်။ လူထုတရပ်လုံးကမျှော်လင့်နေတဲ့ စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင်  ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ပြင်မှဘဲရတော့မှာ” ဟု သျှမ်းသံတော်ဆင့်အားပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်ရပ်ထားပြီးဖြစ်သော်လည်း အစိုးရ စစ်တပ်သည် အင်အားတိုးချဲ့ချကာ ထိုးစစ်ဆင်နေဆဲဖြစ်သောကြောင့် တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးလက်လူထုတို့ ဖမ်းဆီးရိုက်နှက်စစ်ဆေးခံရခြင်း၊ မုဒိန်းကျင့်ခံရခြင်း၊ ၎င်းတို့ စစ်ကြောင်းလုံခြုံရေးအတွက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရခြင်း၊ အစရှိ လူ့အခွင့်အရေးချိုးဖောက်ခံနေရကြောင်း၊ ထိုသို့ သမ္မတမှ စစ်တပ်အပေါ် အမိန့်မပေးနိုင်ပါက ကျေးလက်လူထုတို့ နေထိုင်စားသောက်ရေး အစစအရာရာအတွက် စိတ်ပူရကြောင်း၊ ထို့ကြောင့် စစ်မှန်သောငြိမ်းချမ်းရေးရရှိရေးအတွက် သမ္မတကြီးမှ တာဝန်ယဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အစရှိအချက်များကြေငြာချက်တွင်ပါဝင်ပါသည်။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကို ၁၉၉၀ ဒီဇင်ဘာ ၆ ရက်နေ့၌ (ပင်လုံကတိပါဝင်လက်မှတ်ရေးထိုးခဲ့သူ ခွန်ကြာပု၏သား) ခွန်ကြာဦးက စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ မှစ၍ အင်္ဂလိပ်ဘာသာဖြင့် လစဉ် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်တွင်း အဓမ္မရွှေ့ပြောင်းခံရမှုနှင့် သတ်ဖြတ်မှု အကြောင်း ရေးသားထားသော “Dispossessed” နှင့် သျှမ်းအမျိုး သမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်းနှင့် ပူးပေါင်းထုတ်ဝေသည့် စစ်ပဋိပက္ခအတွင်း သျှမ်းပြည် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရသည့်အကြောင်း ရေးသားထားသော “License to Rape” စာအုပ်တို့မှာ လူသိများလှသည်။

အချက်အလက် အပြည့်အစုံ ဖတ်ရှုရန် - www.shanhumanrights.org




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates