သျှမ်းပြည်နယ်နေ့ အဓမ္မပြုကျင့်မှု ကျူးလွန်သော တပ်သားအား စစ်ဆေးရန် စစ်ခုံရုံး-ကြန့်ကြာ



သျှမ်းပြည်အလယ်ပိုင်းကျေးသီးမြို့နယ်၌ သျှမ်းပြည်နယ်နေ့က အဓမ္မကျင့်မှု ကျူးလွန်သော ခလရ ၁၃၁ မှ တပ်သားအား စစ်ခုံရုံးမှ စစ်ဆေးရန် ကြန့်ကြာနေသည့်အပေါ် ဒေသခံများအားမလိုအားမရ ဖြစ်နေကြောင်း မြို့ခံများကပြောသည်။

Kesi
“ ဖေဖော်ဝါရီလ ၇ ရက်ညက မိုင်းနင်အုပ်စု နောင်ယုမ်းရွာက ကလေးအမေကို မုဒိန်းကျင့် ကျူးလွန်တဲ့ တပ်သားမောင်ဦး။ သူ့ကို မြို့နယ်တရားရုံးကနေ အချိန်မတော် အိမ်တွင်းဝင်ရောက်မှု၊ ခိုးမှု၊ လုယက်မှု၊ မုဒိန်းမှု၊ တပ်ပြေးမှုချမှတ်တယ်။ သို့ပေ မယ့် မြို့နယ်တရားရုံးက သူ့ကို မုဒိန်းမှုတခုတည်းကိုသာ စီရင်မှာ။ ကျန်တဲ့တပ်ပြေးမှု၊ ခိုးယူလုယက်မှုအစရှိတာ ကိုတော့ စစ်ဘက်ဆိုင်ရာခုံရုံးကဘဲ စီရင်မယ်ပြောတယ်၊ တပ်ထဲမှာ စစ်ဖို့ခုံရုံးဖွဲ့ထားပြီပြောတယ်” ကျေးသီးမြို့ အုပ်ချုပ်ရေးဆိုင်ရာ အာဏာပိုင်တဦးကပြောသည်။

ထိုသို့  စစ်ဘက်ဆိုင်ရာခုံရုံးမှ တိုက်ရိုက်စီရင်မည်ဆိုပါက  ရွာသားများ မျှော်မှန်းထားသည့် ပြစ်ဒဏ်ထက်ပိုမိုကြီးမားသည့် ပြစ်ဒဏ်ခံ ပေးဖွယ်ရှိသကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်မှ စစ်တပ်အားအကာအကွယ်ပေးမည်ဆိုပါက ပြစ်ဒဏ်မှာကြီးမားမည် မဟုတ် သဖြင့် ထိုကဲ့သို့ တာဝန်မဲ့စွာ မုဒိန်းကျူးလွန်မှုများထပ်မံဖြစ်ပွါးမည်ကို ဒေသခံများတွေး၍စိတ်ပူနေသည်ဟုလည်း မိုင်းနောင်သား အိုက်လ ကပြောသည်။  

ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျေးသီးမြို့နယ် မိုင်းနင်အုပ်စု နောင်ယုမ်းရွာသူ သားသည်မိခင်အား ခလရ ၁၃၁ တပ်သား မောင်ဦးက မုဒိန်းကျင့်မှုကျူးလွန်ခဲ့သည်မှာယနေ့တိုင် ၂ လကျော်ကြာ ဖြစ်သော်လည်း  အာဏာပိုင်များက ၎င်းအား တရားစီရင်ခြင်းမရှိသေးသဖြင့် တရားခံဘက်မှ ဆွေမျိုးများက အားမလိုအားမရဖြစ်နေကြောင်း ရွာသားများကပြောပါ သည်။

“သူ့ကိုဖမ်းဆီးစစ်ဆေးပြီးတာတောင်မှ ရဲအာဏာပိုင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ က တကယ်ကျူးလွန်ခြင်း ဟုတ် မဟုတ် သက်သေကို ရန်ကုန်ပို့စစ်ဆေးသေးတယ်။  နောက်ပိုင်းမှ သူက တကယ်ကျူးလွန်မိကြောင်းဝန်ခံတယ်” ဟု အမျိုးသမီးနှင့် အမျိုးတော် စပ်သူ  တဦးကပြောသည်။

မိုင်းနင်အုပ်စု နောင်ယုမ်း ရွာသည် ကျေးသီးမြို့နယ်၏တောင်ဘက် ၁ မိုင်အကွာတွင် တည်ရှိပါသည်။

ဖေဖော်ဝါရီ ၇ ရက်ညသန်းခေါင်အချိန်တွင် ကျေးသီးမြို့အခြေစိုက် ခလရ ၁၃၁ မှ တပ်သားမောင်ဦး (အသက် ၃၀ ခန့် ) က မိုင်းနင်အုပ်စု နောင်ယုမ်းရွာ နေ အမည်မဖော်လိုသူ သျှမ်းအမျိုးသမီးတဦး (အသက် ၂၆ ) အိမ်အား တံခါးခေါက်အကူအညီ တောင်းရမှ ဓါးဖြင့်ထောက်ကာ ပိုက်ဆံ ၇၀၀၀၀ ကျပ်တောင်းကြောင်း၊ ထိုစဉ် အိမ်ဦးအမျိုးသားမတွေ့သဖြင့် အဆိုပါ အမျိုး သမီးအား ဓါးဖြင့်ထောက် အဓမ္မမှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးအိမ်မရောက်မှီ လမ်းစုံ၌ လျှပ်စစ်မီးကြိုး အား ဓါးဖြင့်ခုတ်ဖျက်ကာ အနီးအနားရှိ အိမ်သုံး အိမ်ပေါ်တက်၍ လိုရာပစ္စည်းများ ခိုးယူခဲ့သေးသည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates