ဒေသတွင်းမှာမောင်းနှင်နိုင်တဲ့ ဒေသလိုင်စင် မျိုး လိုချင်



သို့ -  နိုင်ငံတော်လူကြီးများနှင့်သမ္မတကြီး.........


ယခင်က ကျွန်တော်တို့ နိုင်ငံမှာ၊ ကားဈေးတွေ စံချိန်တင် တက်ခဲ့တော့၊ မတတ်နိုင်တဲ့ ပြည်သူ့စစ် တချို့ဟာ သွားလာရေးအဆင်ပြေဘို့ လိုင်စင်မဲ့ကား ၀ယ်စီးခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် လောက် က အစိုးရမှ လိုင်စင်မဲ့ကားများကို အခွန်ဆောင်ခိုင်းပြီး လိုင်စင်ချပေးခဲ့ပါတယ်။သို့ သော်လည်း လိုင်စင်မဲ့ကားများ အားလုံးလိုင်စင်ချမပြီးမီ လိုင်စင်ချပေးခြင်းလုပ်ငန်းကို အစိုးရမှ ရုတ်တရက် ရပ်ဆိုင်းခဲ့သဖြင့် လိုင်စင်မဲ့ကားများ များစွာကျန်ရှိနေခဲ့ပါတယ်။

ထို့ကြောင့်  -ပြည်သူများ သွားလာရေးအဆင်ပြေ ချောမွေ့စေရန်

           -နိုင်ငံတော် အခွန်ငွေရရှိရန်

           -ကားများ စနစ်တကျ ဖြစ်စေရန်

လိုင်စင်မဲ့ကားများကို သူတို့ဒေသအတွင်းတွင်သာ မောင်းနှင်ခွင့်ရှိသော ဒေသလိုင်စင်မျိုး ချပေးစေချင်ပါကြောင်း တောင်းဆိုလိုက်ပါတယ်။

                                                                  

စိုင်းခမ်းရှန်(တာချီလိတ်)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates