သံပိုက်လုံးကို သေနတ်ပြောင်းဆိုဘဲ
သို့- အယ်ဒီတာခင်ဗျား
           ၂၉-၅-၂၀၁၃ ရက်နေ့ ထုတ် ကြေးမုံသတင်းစာတွင် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းဂိတ်တွင်ရှမ်းအောင်လံ ကားပေါ်မှ မွေရေခွန် အိတ်ထဲမှ သံပိုက်လုံးများနဲ့ စာအုပ်များကိုစစ်ဆေးတွေ့ရှိရာ စစ်လက်နက်ပစ္စည်းပါဆိုပြီး စွပ်စွဲကာ ယာဉ်မောင်း စိုင်းကျော်ဇံအား စစ်ဆေးမှုပြုလုပ်ကာ စိုင်းကျော်ဇံက အဲဒီပစ္စည်းတွေကို လွိုင်နမ့်ခုံး ယာဉ်လိုင်းက ယာဉ်မောင်း စိုင်းလောင်ခေး တင်ပေးလိုက်ကြောင်းထွက် ဆိုရာ စိုင်းလောင်ခေး ကိုလည်း ကျိုင်းတုံ ဘန်ကွဲတောင်မှာဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အထောက်အထားခိုင်လုံမှုမရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဖမ်းဆီးတဲ့အဖွဲ့က စုံထောက် ဦးရှံစားလားတော့မသိဘူး သံပိုက်လုံးတွေဟာ သေနတ် ပြောင်းလုပ်ဖို့ ဖြစ်တယ်။ စာအုပ်တွေက လက်နက်ထုတ်ဖို့ ကက်သလောက် စာအုပ်တွေ ဖြစ်တယ်ဆိုပြီး ကြေးမုံသတင်းစာနဲ့ မြဝတီသတင်းစာတွေမှာ “ စစ်လက်နက်ပစ္စည်း” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့  ဓာတ်ပုံများနဲ့တကွ ဖော်ပြခဲ့ပါတယ်။
သတင်းစာရဲ့အပြစ်လား သတင်းပေးပို့သူရဲ့ သတင်းထူးဆိုပြီးပေးပို့လိုက်တဲ့အပြစ်လား တော့မသိပါဘူး။   သတင်းစာမှာ ဖော်ပြခံရတဲ့ လွိုင်နမ့်ခုံး ယာဉ်လိုင်းကတော့ နစ်နာမှုတွေ ရှိခဲ့ပါတယ်။ ခရီးသည်တွေဆိုရင် လွိုင်နမ့်ခုံး ကားဆို မစီးကြတော့ပါဘူး။
လွိုင်နမ့်ခုံး ယာဉ်လိုင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖွင့်လှစ်ခဲ့တဲ့ယာဉ်လိုင်း ဖြစ်ပါတယ်။
ဖမ်းဆီးရမိပါတယ်လို့ သတင်းစာမှာဖော်ပြခဲ့တဲ့ သံပိုက်လုံးတွေဟာ ပြတင်းပေါက်သံတိုင် အသုံးပြိုဖို့ ဖြစ်ပါတယ်။ မယ်ဆိုင်ဘက်မှာသွားစုံစမ်းတော့ လမ်းဘေးမှာ တစ်ချောင်းဘတ် ၃၀၀ နဲ့ရောင်းချနေ တာကိုတွေ့ရပါတယ်။ စာအုပ်တွေကတော့ ကာလိ ပြည်သူ့စစ်က တပ်မိသားစုအတွက် တပ်စာကြည့်တိုက်လုပ်ဖို့ တာချီလိတ်ကနေ မှာယူတာလို့လည်းသိရပါတယ်။အမှန်တရား သိရှိနိုင်ရေးအတွက် ရှမ်းသံတော်ဆင့်ကတစ်ဆင့် တင်ပြလိုက်ရပါတယ်။  
 သတင်းထောက်တစ်ဦး
Tags: Letter to Editor
 

