လျှပ်စစ်မီတာမှန်ကန်စွာဖတ်ပေးရန်နှင့်သုံးစွဲသူများအား မချေမငံဆက်ဆံခြင်းမပြုရန်
သို့ - ပြည်ထောင်စုလျှပ်စစ်ဝန်ကြီးနှင့် သျှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဦးစိုင်းထွန်းရင် သိစေရန် သျှမ်းသံတော်ဆင့်မှတင်ပြလိုက်ရပါသည်။
လင်းခေးမြို့ မြို့နယ်လျှပ်စစ်မှမီတာစာရေး(ညွန့်ဇော်လတ်)သည် ကျနော်၏မီတာအား ယူနစ် ၃၀ ကျော် ပိုဖတ်ထားသဖြင့် ကျနော်မှ မီတာပိုနေကြောင်း မီတာခသွားဆောင်ရင်း ပြောပြပါသည်။
၎င်းက “မဆောင်နိုင်ထားခဲ့ကွာမင်းတို့မီတာတွေမကောင်းတာမသိဘူးလားကွ” ဟု မချေမငံ ပြောပါ သည်။ ယင်းကိစ္စနှင့်ပါတ်သက်၍ လျှပ်စစ်မှူးဦးစိုးဝင်းအားတိုင်ကြားခဲ့ သော်လည်း “ ပြောပေးမယ်၊ ဒီကောင်လူပြောများပြီ” ဟုသာပြောပြီး မည်သို့မျှအရေးယူခြင်းမရှိခဲ့ပါ၊
မီတာမကောင်းပါကလည်း ထိန်းသိမ်းစောင့်ရှောက်ခကျပ် (၁၀၀၀) ယူထားပြီးဖြစ်သဖြင့် ၄င်းဌာန တာဝန်သာ ဖြစ် သည်။
ယခုကိစ္စသည်မေလအတွက်ဖြစ်ပြီး ဇွန်လ ၁၉ ရက်ဆောင်ခိုင်းသောမီတာခဖြစ်သည်။
မီတာစာရေးကြောင့် စိတ်ဆင်းရဲစွာဖြင့် မီးသုံးစွဲနေရသူ
ရွာမအနောက်ရပ်ကွက် လင်းခေးမြို့
Tags: Letter to Editor