ကျိုင်းတုံမြို့ဆက်သွယ်ရေးဝန်ထမ်းများ တာဝန်မကျေ ၊ ဆက်ဆံရေးမပြေ



သို့- သျှမ်းသံတော်ဆင့်

ကျိုင်းတုံမြို့ရှိ ဆက်သွယ်ရေးဝန်ထမ်း အချို့သည် ဆက်ဆံရေးမပြေလည်သည့်အပြင် တာဝန်လည်းမကျေကြပါ။


ကျိုင်းတုံမြို့သူမြို့သားများ သည်းညှင်းမခံနိုင်ကြသည့်အချက်မှာ fixed line (ခ) ကြိုးဖုန်းဘေလ် များကို အသုံးပြုသူ ကိုယ်တိုင် စာတိုက်သို့ သွားရောက်ထုတ်ယူရပါသည်။ အမှန်ဆိုလျှင် ဖုန်းနံပါတ်ပါ လိပ်စာသို့ ပို့ဆောင်ပေးရမည်မဟုတ်ပါလား။

သွားရောက်ထုတ်ယူသောအခါတွင်လည်း ရိုင်းပျသည့် ဆက်ဆံရေးဖြင့် အော် ငေါက်မေးမြန်းပြောဆိုခဲ့ကြပါသည်။ ဥပမာ-  ပြောဖုန်းနံပါတ် .. မရှိဘူး .. အပေါ်မှာသွားရှာ ..

ဘေလ် ရလျှင်လည်းမပြီးသေး ဆက်သွယ်ရေးကုန်း (သစ်တစ်ပင်တောင်) သို့သွားပြီး ငွေပေးသွင်းကြရသည်။ မတော်လို့များ ဖုန်းဘေလ် သွားမယူမိ ရက်လွန်ပါက ပိုပြီးအလုပ်များရပါတော့သည်။ ရက်လွန်ကြေးဆောင်ရန် ဘေလ်ထပ်သွားယူရပြန်သေးသည်။ဘေလ်ရမှသာလျှင် ငွေသွင်းကောင်တာသို့သွားသွင်းရပါသည်။ ငွေသွင်းကောင်တာသို့ရောက်လျှင်လည်း စိတ်မအေးရသေးပါ၊  12 နာရီရှိပြီ …. မနက်ဖြန်မှ လာခဲ့…. ဟု အော်ဟစ်ပြောဆိုခံရ ပြန်ပါသည်။ 103း0 နာရီမှငွေသွင်းကောင်တာဖွင့်တာကို 12 နာရီ မွန်းတည့်လောက်ဆို လက်မခံတော့။

သြော်….  ပိုက်ဆံပေးတာတောင် တော်တော်လေး  ရင်မောနေရပါ လား........ ။

ဒီလိုဝန်ထမ်းများရှိနေတယ်ဆိုတာ သက်ဆိုင်ရာက သိရှိစေဖို့နဲ့ တိုင်းပြည်ကို အကျိုးပြုနိုင်မယ့်ဝန်ထမ်းတွေကို ရွေးချယ် ခန့်အပ်ပေးဖို့ သက်ဆိုင်ရာလူကြီးမင်းများ သိရှိစေရန် သျှမ်းသံတော်ဆင့်မှတဆင့် တင်ပြလိုက်ရပါသည်။



ကျိုင်းတုံမြို့ ပြည်သူတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates