ဓါတ်ဆီလောင်း မီးရှို့ခံရသူ မအေးအေးဝင်း လားရှိုးမှ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသ



မေလ ၂၈ ရက်က ဓါတ်ဆီလောင်းမီးရှို့ခံရသော လားရှိုးဒေသခံမအေးအေးဝင်းအား ယခုလ ၁၂ ရက်နေ့က လားရှိုးဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ဆေးကုသလိုက်ပြီဖြစ်ပါသည်။

AAWလူနာရှင် မအေးအေးဝင်း (ဓါတ်ပုံ - လင်းလင်း(လားရှိုး)

ယခု မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပြားနှင့်ပတ်သက်၍ အထူးကြပ်မတ်ဆောင်တွင်ဆေးကုသမှုခံယူ နေရ သည်ဖြစ်သဖြင့် မီးလောင်ဒဏ်ရာများမှာ အတော်ပင် သက်သာလာပြီဖြစ်ကြောင်း လူနာ၏ ဖခင်ဖြစ်သူ ဦးမောင်ဝင်းက ပြောပါသည်။

ဂျွန်လ ၁၃ ရက်နေ့၊ နေ့လည်(၁၂ :ဝဝ)နာရီ တွင် အဆိုပါ မန္တလေးဆေးရုံကြီးတွင်ပင်ခွဲခန်းထပ်ဝင်၍ အရေပြား အထူးကုသမှုကို  မန္တလေးဆေးရုံ ပါရဂူကြီးများမှ ပြုလုပ်ပေးကြောင်း သိရှိရသည်။

လိုအပ်သော ဆေးဝါးတချို့ကိုမူ ပြင်ပမှဝယ်ယူ၍ ကုသရပါသောကြောင့် ဆေးဝါးဝယ်ယူစရိတ်အခက် အခဲ ဖြစ်နေကြောင်း၊ ဆေးရုံမှ ဆရာဝန်ကြီးများက ဆေးဆိုင်တွင် အကြွေးစာရင်း ဖွင့်ကာ ဆေးများ ယူဆောင် ကုသနေရသဖြင့်  အလှူရှင်များရှိ၍ဖြစ်စေ၊ လူနာရှင်မှ အဆင်ပြေလျင်ဖြစ်စေ သွားရောက် ဆေး ဖိုးရှင်းလင်း မည်ဟုလည်း မေတ္တာရပ်ခံပေး ကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် မအေးအေးဝင်း ၏ နောက်ကြောပိုင်းတစ်ခုလုံး၊ ရင်ဘတ်ပိုင်းနှင့် မျက်နှာ တခြမ်း  ဒဏ်ရာ ကြီးကြီးမားမား ရရှိခဲ့သော်လည်း အသက်အန္တရာယ်ကိုတော့ စိုးရိမ်ဖွယ်ရာ မရှိ ခဲ့ ကြောင်း သက်ဆိုင်ရာ ဆရာဝန်များကပြောပါသည်။

သို့ပါသော်လည်း မီးလောင်ဒဏ်ရာများမှာ ပြင်ပရောဂါပိုးမွှားများ ကူးစက်မှုမရှိရန် အထူးခန်းတွင်း တွင်ထား၍ လားရှိုးဆေးရုံရှိတာဝန်ကျပါရဂူကြီးများနှင့် လက်ထောက်ဆရာဝန်များ ကြပ်မတ် ကုသမှုပြု နေရခြင်းဖြစ်ကြောင်း ဆရာဝန်များကပြောဆိုခဲ့ပါသည်။



လင်းလင်း(လားရှိုး)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates