သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပေါ် ပြည်သူတစ်ဦး ၏အမြင်
သို့-သျှမ်းသံတော်ဆင့်
သျှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုး၊ ထုတ်လုပ်မှုအများဆုံးပြည်နယ်ဖြစ်ပြီး မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု၏ ထက် ၀က်ကျော်သည် သျှမ်းပြည်နယ်အတွင်း၌ ဖြစ်ပါသည်။
သျှမ်းပြည်နယ်အတွင်းသျှမ်းတောင်တန်းတို့တွင် အများဆုံး စိုက်ပျိုးခဲ့ကြပါသည်။
တဖက်တွင်လည်း သျှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သည် ရွှေတြိဂံနယ်မြေဖြစ်သော မြန်မာ-ထိုင်း-လာအို နိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါးအထူးများပြားသည့်ဒေသဖြစ်ပါသည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ဖမ်းဆီးရေးအဖွဲ့များသည် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ယခင်နှစ် ကထက် ပိုမိုတိုးချဲ့လုပ်ဆောင်လာသကဲ့သို့ယခင်ကထက်ဖမ်းဆီးရမိမှုလည်း များပြားလာ ကြောင်း တွေ့ရပါသည်။
တာချီလိတ်မြို့အဝင် လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် မိုင်းဆတ်ဘက်မှလာသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား စစ်ဆေးရှာဖွေ ရာ ယာဉ်များအတွင်း မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်လာသည့် အလွှာပေါင်းစုံမှလူများ၊ ယာဉ်မောင်း၊ ဆိုင်ကယ်သမားများကို ဖမ်းဆီးရ မိခဲ့ပါသည်။
၎င်းအပြင် ကျိုင်းတုံဘက်မှလာသော မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား မယ်ယန်းပူးပေါင်း စစ် ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးများလည်း အမြဲလိုလိုမိနေကြောင်း ၊ ပါခုပ်- ဟွေ့လင်လမ် - ၀မ့်ပုံသွားသော ကားလမ်းမပေါ်ရှိ ဂိတ်များတွင်လည်း မူးယစ်ဆေးဝါး သယ်ဆောင်သူ အချို့အား ဖမ်းဆီးရမိအရေးယူခဲ့ကြောင်း သိရှိရပါသည်။
မူးယစ်အဖွဲ့များမှ အရှိန်အဟုန်မြင့်တင် စစ်ဆေးဖမ်းဆီးမှုရှိခဲ့သော်လည်း မူးယစ် ဆေးဝါး သယ်ဆောင်သူအချို့သည် ဖမ်းဆီးနေသည့်ကြားမှပင်သယ်ဆောင်လာသည်ကိုလည်း တွေ့မြင်နေရပါသည်။
မူးယစ်ဆေးဝါးဖမ်းဆီးမှုအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ဆောင်နေမှုအပေါ် ပြည်သူတစ်ဦးအနေဖြင့် အလွန်နှစ်သက်မိပါကြောင်းနှင့် တာချီလိတ်မြို့သည် သျှမ်းတိုင်းရင်းသား ပေါင်းစုံ စုပေါင်းနေထိုင်ရာ နယ်စပ်မြို့တစ်မြို့ဖြစ်သည့်အတွက် လူငယ်/လူရွယ်များသည် မူးယစ်ဆေး ဝါးသုံးစွဲပြီး လမ်းလွှဲသို့ရောက်မှာကို အလွန်စိုးရိမ်မိပါကြောင်း၊ မူးယစ်ဆေးဝါးဖမ်းဆီးပေးတဲ့ မူးယစ် အဖွဲ့ကိုလည်း အလွန်ကျေးဇူးတင်ပါကြောင်း၊ အနာဂတ်မှာ တိုင်းပြည်ရဲ့တာဝန်တွေကို ထမ်းဆောင် ရမယ့် လူငယ်/လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ အပေါ် မူးယစ်ဆေးဝါး ဆိုးကျိုးများ မကျရောက်စေရေး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြလိုက်ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကြောင့်
စိတ်ထိခိုက်နေသောမိသားစုဝင်တစ်ဦး (တာချီလိတ်)
Tags: Letter to Editor