အခွန်ကောက်ကြမ်းသည့် မန်တုံမြို့နယ် ရဲ ၃ ဦး ပစ်ခတ်ခံရ ပွဲချင်းပြီးသေ



သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်အတွင်း အမည်မသိ လက်နက်ကိုင်တစု၏ ပစ်ခတ်မှု ကြောင့် ရဲသား ၃ ဦး သေဆုံးကြောင်း ဒေသတွင်း သတင်းအရ သိရှိရပါသည်။


“သေနတ်နဲ့ ပစ်တာဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့ဘဲပေါ့။ ဘယ်အဖွဲ့ဆိုတာတော့ မသိ ဘူး။ သုံးယောက်စလုံး ပွဲချင်းပြီးဘဲ” ဟု မန်တုံဒေသခံတစ်ဦးက ပြောပါသည်။

မေလ ၃၀ ရက်နေ့ မန်တုံမြို့နယ်ရဲ  ၃ ဦး - ၀င်းဦး (တရစ်)၊ ရဲဝင်း (နှစ်ရစ်)၊ စိုးသိန်း (သုံးရစ်) တို့ လွယ်စက်ရွာမှ လွယ်မော်တောင်းရွာဘက်သို့ ထွက်လာစဉ် လမ်းခုလပ်တွင် အမည် မသိ လက် နက်ကိုင်တစုနှင့် ပက်ပင်းတိုးမိကြောင်း ဒေသခံများက ဆိုပါသည်။

“ ဒီရဲ ၃ ယောက်က ရွာသူရွာသားတွေကို အရမ်းအနိုင်ကျင့်တော့ သူတို့ကို အများက မကြည်ဘူး။ မုန်းကြတယ်။ သူတို့က ဘိန်းစိုက်တောင်သူတွေဆီမှာ ဘိန်းခွန် ကောက်တယ်။ လာဘ်ထိုး နိုင်ရင် ယာမတို့ ဘိန်းဖြူတို့ ဘိန်းမဲတို့ ရောင်းဝယ်ခွင့်ပြုတယ်။ ဒါကြောင့် သူတို့ကို ခဲနေကြ တဲ့သူတွေ အများကြီးဘဲ” ဟု အဆိုပါ မန်တုံဒေသခံက ဆက်ပြောပါသည်။

မန်တုံမြို့နယ်အတွင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၊ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တို့အပြင် သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တို့လည်း လှုပ်ရှားလျက်ရှိသည်။

တဖက်တွင်လည်း တအာင်း ဒေသ မန်တုံမြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်က စစ်အင် အားဖြည့်တင်းလျက်ရှိကြောင်း၊ တအောင်း တပ်ဖွဲ့နှင့်လည်း မကြာခဏ တိုက်ပွဲ ဖြစ်ပွါးလျက်ရှိ ကြောင်း ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates