လားရှိုးပဋိပက္ခငြိမ် - သို့သော် မူစလင်အနီးနေထိုင်သူများ စိုးရိမ်ထိတ်လန့်ဆဲ



သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် ဆူပူမှုငြိမ်သက်နေသည်ဆိုသော်လည်း ကောဠာဟာလ သတင်း များကြောင့် မူစလင်ဘာသာဝင်များအနီးနေထိုင်နေသူများ စိုးရိမ်ထိတ်လန့်မှုရှိနေသေးကြောင်းမြို့တွင်း သတင်းရပ်ကွက် ကဆိုပါသည်။

LSOလားရှိုးပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှု (ဓါတ်ပုံ-လင်းလင်း(လားရှိုး)

ရိုက်နှက်မှုများမရှိတော့သည့်တိုင် စီးပွါးရေးလုပ်ငန်းရှင် ပန်းသေးတရုတ် (တရုတ်မူစလင်) သူဌေးကြီးအိမ်အား မီးရှို့ မည်ဟူသောသတင်းများကြောင့် ၎င်းနေအိမ်သို့ လုံခြုံရေးယူပေးရန် ရမခ တိုင်းမှူးမှ  စစ်အင်အား ပို့ပေးထားသည့်အပေါ် လူထုတို့ စိုးရိမ်မှုရှိကြကြောင်း နီးစပ်သူများက ပြောသည်။

“သူဌေးကြီး ဦးမောင်ဝင်းလေ ။ သူက တရုတ်ပန်းသေး။ ရပ်ကွက် ၃ မှာနေတယ်သူ့အိမ် အကြီးကြီးဘဲ။ အဲဒီအိမ် ကိုသွားဖြို မယ် လို့ သတင်းတွေထွက်လာတော့ သူ့ရပ်ကွက်ထဲကလူတွေ လန့်နေကြတယ်။ သူက စစ်တပ်ဘက်ကအကြီးအကဲတွေနဲ့လဲ ရင်းနှီးဝင်ထွက်နေ တော့ တိုင်းမှူးက သူ့အိမ်လုံခြုံရေးယူ ပေးဖို့ တပ်ဖွဲ့တဖွဲ့ပို့ပေးတယ်။ အခု ဖြိုဖျက်မီးရှို့တာတွေတော့ ငြိမ်နေတယ်။ ဒါပေမယ့် ဟိုဘက် မှာ ရိုက်နေတယ်။ ဒီဘက်မှာချနေတယ်ဆိုတဲ့ ကောဠာဟာလသတင်းတွေတော့ အမြဲတမ်း လိုလိုကြားနေရတယ်” ဟု လားရှိုးမြို့ခံ ကုန်သည်တဦးကပြောသည်။

ရွှေမြင်း ၂ ကောင်ကုမ္မဏီပိုင်ရှင် ဦးမောင်ဝင်းသည် ၎င်းကုမ္ပဏီမှ တရုတ်ထုတ် (မျောက်တံဆိပ်) ဓါတ်ခဲကဲ့သို့ထုတ်လုပ်ရန် အတွက် တရုတ်ပညာရှင် ၇ ဦးကိုလည်း ခေါ်ထားကြောင်း နီးစပ်သူများက ပြောပြသည်။

၎င်းသည် လားရှိုးဈေးကြီးအနီး  ရှိနာမည်ကြီး ဟိုတယ်၊ တည်းခိုခန်းအများအပြားကိုလည်း ဝယ်ယူထားခဲ့ကြောင်း ဆိုပါသည်။

ယခင်အပတ် အမျိုးသမီးတဦးအား မူစလင်အမျိုးသားတဦးက မီးရှို့ခဲ့သည့်အမှုမှ ဖြစ်ပွါးခဲ့သော လားရှိုးမြို့ပဋိပက္ခကြောင့် လူ ၅ ဦးဒဏ်ရာရရှိပြီး ၁ ဦးသေဆုံးခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates