ဥပဒေအထက်ကလူ သို့မဟုတ် ဦးလောဆန်း(ဟုန်ပန်း)



သို့- အယ်ဒီတာခင်ဗျား..........

ကျနော်တို့တာချီလိတ်မှာ အခုလ ၁၈ ရက်နေ့ ည ရ နာရီလောက်က လူ ၂ ယောက်သေနတ်ပစ် ခံရပါတယ်။


စိုင်းဝန်းကျောက်ဆိုသူမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးကာ ဇော်မင်းထွန်းဆိုသူမှာ အရေးပေါ်ကုသမှုခံယူ နေရ ပါတယ်။ဖြစ်စဉ်မှာ ဦးလောဆန်းနှင့်တပည့် ၀ စစ်သားတွေဟာ ကား (၃) ဦးနှင့်ရောက်လာပြီး စိုင်းဝန်းကျောက် ခြံဝင်းထဲရှိနေအိမ်အား ထိုးချေတူးဖော်ဖျက်ဆီးနေတာကိုတားမရသည့်အပြင် စိုင်းဝန်းကျောက် မှ နယ်ထိန်း ဒုရဲအုပ်မြင့်ထွေး၊ အုပ်ချုပ်ရေးမှူးတာဝန်ရှိသူတွေကို ဖုန်းဆက်အကြောင်းကြားသော်လည်း မည်သူမျှလာ ရောက်ဖြေရှင်းပေးခြင်းမရှိပါ။

သို့ပါသဖြင့် ဗျူဟာမှူးထံ အသနားခံပြီး ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ရာ အမှုအားလက်ခံအပြီး အပြန်တွင် ဦးလောဆန်း၏တပည့် အိုက်ပန်မှ သေနတ်ဖြင့် စိန်ပန်းနီနီ စားသောက်ဆိုင်တွင် ၀င်ရောက်ပစ်ခတ် သွားခြင်းဖြစ်ပါသည်။

ဦးလောဆန်း၏တပည့် လူသတ်သမားအိုက်ပန်အား ရဲတပ်ဖွဲ့ဝင်တွေမှ သွားရောက်ဖမ်းဆီးခြင်းမရှိပါ။

ဦးလောဆန်းမှလည်း လာရောက်အပ်နှံပေးခြင်းမရှိပါ။ ဒီလိုနဲ့ ကျနော်တို့လိုလူတွေဟာ သူတို့နဲ့ပတ်သက်

တိုင်း ခံစားနေရတော့မှာလား။

အလားတူဖြစ်စဉ်တစ်ခုလည်း ပြီးခဲ့တဲ့ လပိုင်းကဖြစ်ခဲ့ပါသေးတယ် ဦးလောဆန်းတပည့်တွေက လူတစ် ယောက်ကို ခွေးလိုဝက်လို ရိုက်နှက်တာ ရဲစခန်းကအရေးမယူလို့ဂျာနယ်တစ်ခုမှာ ပါခဲ့သေးတယ်။ ဒီမိုကရေစီ ဆိုတာ ဦးလောဆန်းတို့ လူတွေကိုသတ်ချင်တိုင်းသတ်ဖို့အတွက်လား။ဦးလောဆန်းကို အရေးယူလို့ မရဘူးလား၊ ဥပဒေဆိုတာ ဘယ်သူ့အတွက်ရေးဆွဲထားတာလဲ။ သိပါရစေ။

တာချီလိတ်သားလေး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates