သျှမ်းပြည်တပ်မတော်ခေါင်းဆောင်နှင့် သမ္မတကြီးတို့ ယနေ့မနက်တွေ့ဆုံမည်
RCSS/SSA ဥက္ကဌ နှင့် ဇနီး နေပြည်တော်သို့ရောက်ရှိစဉ် (ဓါတ်ပုံ- Shan State Army)
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဉက္ကဌကြီး ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အဖွဲ့သည် ယနေ့ မနက် ၁၀ နာရီ သမ္မတကြီးဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိကြောင်း စုံစမ်း သိရှိရပါသည်။
ဇွန်လ ၁၀ ရက် ယနေ့မနက် ၁၀ နာရီ သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံ ရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ လူထုနှင့်တွေ့ဆုံပွဲမှ ရရှိသော ဆွေးနွေးချက် ၁၇ ချက်ကို အဓိကထားဆွေးနွေးသွား မည်ဖြစ် ကြောင်းသျှမ်းပြည်တပ်မတော်နှင့်လိုက်ပါသည့်ပုဂ္ဂိုလ်တစ်ဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
သမ္မတနှင့်တွေ့ဆုံရန် သျှမ်းပြည်တပ်မတော်မှ ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သော အင်အား ၂၀ ခန့် ယမန်နေ့က တာချီလိတ်မြို့မှ နေပြည်တော်သို့ထွက်ခွါခဲ့ကြသည်။ နေပြည်တော်သို့ ရောက်ရှိပြီးနောက် RCSS/SSA အဖွဲ့ အား ဦးအောင်မင်းက ညနေစာ တည်ခင်းဧည့်ခံခဲ့သည်ဟုဆိုပါသည်။
ယနေ့မနက် သမ္မတနှင့်တွေ့ဆုံပြီးနောက်ပိုင်း နိုင်ငံခြားသံတမန်များ၊ လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံရန်ရှိကြောင်း သတင်းရရှိပါသည်။
Tags: News, politic