လားရှိုးမြို့တွင်း နေ့ခင်းကြောင်တောင် သေနတ်ပစ်မှုဖြစ်ပွါး



သို့- သျှမ်းသံတော်ဆင့်

လားရှိုးမြို့တွင်း နေ့ခင်းကြောင်တောင် နေအိမ်တလုံး၏ တံခါးပေါက်များ ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ နယ်မြေခံသတင်း ထောက်များ သတင်းယူနေမှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်မူးယစ်အထူးအဖွဲ့က မနှစ်သက်ဘဲ မချေမငံဆက်ဆံမှုများပြုလုပ်ခဲ့ပါသည်။

သတင်းသမားများ လွပ်လပ်စွာသတင်းစုံစမ်းရေးသားမှုကို တာဝန်ရှိမူးယစ်ရဲများက မနှစ်လိုသောသဘော အထင်အရှား ပြခဲ့ကြသကဲ့သို့ နယ်မြေခံ သတင်းထောက်တဦးကိုလည်း မူးယစ်အထူးအဖွဲ့မှ တပ်ဖွဲ့ဝင်နှစ်ဦးက မချေမငံဆက်ဆံ၍ သတင်းယူမှုကိုပါ တားဆီးခဲ့ သည် ကိုတွေ့ရပါသည်။

ဖြစ်စဉ်မှာ ၇-၇-၂၀၁၃  နေ့လည် ၁၂:၅၅  နာရီတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရပ်ကွက် ၅ ဘုံကျောင်း လမ်းနှင့် ခိုင်ရွှေဝါလမ်းဒေါင့်ရှိအိမ်အမှတ်(၃၆၅)ဦးလီပေါက်ခွမ်း၏  အိမ်ရှေ့တံခါးမကြီးနှင့် တံခါး အထက်အုတ်နံရံအား သေနတ်သမားတဦးမှ ၄ ချက်ပစ်ခတ် ခဲ့သည်ဟု သိရပါသည်။

 ထိုသို့ပစ်ခတ်ခဲ့ပြီးနောက်ပိုင်း သေနတ်သမားအား လားရှိုး- မူဆယ်လမ်းအပိုင်း လားရှိုးနှင့်(၃၂)မိုင် ခန့်ရှိ သိန္နီမြို့အနီးဂိတ်တွင် ယင်းနေ့တွင်ပင် ရဲမှူးကြီးက  တားဆီးစစ်ဆေး ဖမ်းဆီးရမိခဲ့သည်ဟု ဆိုပါသည်။

သေနတ်သမားကို   လားရှိုး မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရှိရသည်။

 သေနတ်သမားမှာ ဦးယူဆင် ဆိုသူဖြစ်ပြီး လားရှိုး မြို့ရပ်ကွက် ၅  ဘုံကျောင်းလမ်းနှင့် ၃၇ လမ်းဒေါင့် အိမ်အမှတ် ရ၆၂ တွင်နေထိုင်ကြောင်း၊ ၄င်းနေထိုင်သောအိမ်ကိုလည်း မူးယစ်ရဲတပ်ဖွဲ့၊ လားရှိုးသတင်း တပ်ဖွဲ့နှင့်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များက ၀င်ရောက်ရှာဖွေရာ နေအိမ် အတွင်း မီးခံသေတ္တာတလုံး မဖွင့်နိုင်သဖြင့် မူးယစ်ရဲအထူးအဖွဲ့ရုံး မြို့မ ရဲစခန်းသို့ သယ်ယူသွား ကြောင်း၊ အဆိုပါအိမ်သားများကိုပါ ရဲစခန်းသို့ခေါ်ဆောင်သွားကြကြောင်း မျက်မြင်များက ဆိုပါသည်။

နေအိမ်အတွင်း ရှာဖွေစစ်ဆေးမှုတွင်မူ   ထူးခြားချက်တော့ မတွေ့ရကြောင်း ဆိုပါသည်။



L2(LSO)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates