ကာရာအိုကေဆိုင်မှ လောင်းကစားဝိုင်းသစ် စည်ကား မူးယစ်ဆေးပေါများနေ



နမ့်ခမ်းမြို့နယ်တွင်  ကာရာအိုကေဆိုင်ဘမ်းပြကာ တရုတ် လောပန်းများ  လောင်းကစားဝိုင်း (အသစ်)  ဖွင့်လှစ် နေသဖြင့် မူးယစ်ဆေးသုံးလူငယ်များဆုံရပ်တခုဖြစ်နေရာ ဆူညံအသံများကြောင့်   အနှောင့်အယှက်ဖြစ်ရကြောင်း ဒေသခံများကပြောပါသည်။


ကောင်းဆာကျေးရွာတွင်းတနေရာနှင့် ပေါက်တိုက်ရပ်ကွက်တွင်တနေရာဖွင့်လှစ်ကြောင်း  မြို့ခံ ဦးလုံးစိုင်း ကပြော သည်။
alt
“ ကောင်းဆာမှာ မိုးကြယ်စင်(ကာလာအိုကေခန်းမ)(ခေါ်) စိန်ပြာ(ကာရာအိုကေ)နဲ့  ပေါက်တိုက်ရပ်ကွက် အိမ် အမှတ်(  ၉၄ )မှာပေါ့။ အိမ်ရှေ့မှာတော့ ကာလာအိုကေဆိုင်ဖွင့်ထားပြီး အထဲမှာ တီဗီဂိမ်းလောင်းကစား စက် မာကျိုင် တရုတ်ဖဲ၊ ဖဲချိန်းဝိုင်းတွေဖွင့်ထားတာ။
မူးယစ်ဆေးသုံးတဲ့လူငယ်တွေအတွက်စုရပ်လိုဖြစ်နေတယ်။ လောင်းကစား ဆိုင်အဟောင်းတွေက ပိတ်ထားတာ ဖွင့်ခွင့်မရသေးဘူးလေ” ဟု သျှမ်းသံတော်ဆင့် အားပြောပြ သည်။
alt
အဆိုပါလောင်းကစားဝိုင်းတွင် အကြွေစေ့တစေ့လျင် ကျပ် ၅၀၀ အနည်းဆုံးဝယ်ယူလောင်းကစားနိုင်ကြောင်း၊ လောင်းကစားမြတ်ပါက ပိုက်ဆံပြန်အမ်းပေးကြောင်း လုံးစိုင်းကပြောပြသည်။

“အသံဗလံတွေဆူညံနေတာဘဲတညလုံး၊ ကားအဝင်အထွက် ရော လူသံတွေရော၊ ပတ်ဝန်းကျင်ကို အနှောင့် အယှက်ဖြစ်စေတယ်။ ဟိုအဟောင်းဆိုင်တွေကို ပိတ်ထားလို့ ၀မ်းသာနေတုန်းအခု အသစ်ကပေါ်ပေါ် တင်တင်ကြီး ထပ်ဖွင့်လာတယ်။ ”

၎င်းလောင်းကစားရုံနှစ်ရုံသည် နေ့အချိန်တွင် ကစားသည့်သူနည်းပါးပြီး  ည အချိန်များ တွင် ကစား သူ စည်ကားများပြားကြောင်း  ၊ ယခင်က ပေါ် ပေါ်တင်တင် ဖွင့် ခွင့်ရထားသော လောင်းကစား လုပ်ငန်းများ ယခုမရှိတော့သော်လည်း   ဘောလုံးလောင်း ကစား ၊ ချဲ(သုံးလုံးထီ) ၊ နှစ်လုံးထီ နှင့် ၃၆ ကောင်ထီဒိုင်များ ခုထိဖွင့်ခွင့်ရနေသေးကြောင်း၊ အာဏာပိုင်များ မှလည်းဖမ်းဆီးအရေးယူမှုမပြုသေးကြောင်း ဆိုပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates