ထိုင်းရောက်သျှမ်းများ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေး RCSS ကြိုးပမ်းနေ



အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် သျှမ်းလူမျိုးများမြန်မာနိုင်ငံသန်းခေါင်းစာရင်း ပါဝင်  နိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားခေါ် အမျိုးသားမှတ်ပုံတင် လက်ဝယ်ရှိရေး အတွက် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA က ကြိုးပမ်းနေသည်ဟုသိရ သည်။


“ကျနော်နေတဲ့ အိမ်မှာဘဲ ယာယီရုံးခန်းဖွင့်ထားပါတယ်။ လာမယ့် ဂျူလိုင် ၁၃ ရက်ကစပြီးအမည်စာရင်းစတင်  လက်ခံသွားမယ်။ မှတ်ပုံတင်မရှိတဲ့သူတွေ၊ သန်းခေါင်းစာရင်း မရှိတဲ့သူတွေကို စာရင်းကောက်ထားမလို့။ အစိုးရဘက် တာချီလိတ်မှာ လာလုပ်ပေးနိုင်အောင်လို့ပါ။ ကျနော် တို့ဘက်က လူဘယ်နှစ်ယောက်ရှိထားလဲ၊ ပြင်ဆင်ထားမလို့လေ။ အပြန်စရိတ်ငွေကြေးလဲ သက်သာအောင်လို့ပါ” - ဟု RCSS ဘက်မှ တာဝန်ခံထားသည့် စိုင်းဆိုင်ဝမ်းက ပြောသည်။
alt
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ၏နေပြည်တော် ခရီးစဉ်က ထိုင်းရောက်သျှမ်းများ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိရေး၊ မြန်မာနိုင်ငံသန်းခေါင် စာရင်းသွင်းနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန် ထံ တင်ပြခဲ့ဖူးသည်ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောသည်။

“ဟုတ်ပါတယ်။ ကျနော်တို့ ရုံးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ဘဲလုပ်တာပါ။ ကျနော်တို့နေပြည်တော် သွားကတည်းက ဒီကိစ္စတင်ပြတောင်းဆိုလာခဲ့တာ။ ကျနော်တို့ဘဲ လုပ်မှာမဟုတ်ဘူး။ ကျား ဖြူပါတီကိုပါအကူအညီတောင်း ထားတယ်။ အမတ်မင်းတချို့လဲလာကူမယ်” - ဟုပြော၏။

ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကလည်း RCSS ၏ လူအတွက် သန်းခေါင်စာရင်း မှတ်ပုံတင် ကို မနားတမ်း  လုပ်ဆောင်ပေးမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အား ပြောဆိုထားဖူးသည်ဟုဆိုသည်။

သျှမ်းပြည်သားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြသနာများကြောင့် ထိုင်းနိုင်ငံသို့ လူဦးရေ သိန်းချီထွက်ပြေးခိုလှုံနေသည်။ သျှမ်းလူ့အခွင့်အရေးဖေါင်ဒေးရှင်း၏ ထုတ်ပြန်ကြေငြာချက်အရ ၁၉၉၆ - ၁၉၉၈ အတွင်း မြန်မာစစ်အစိုးရမှ အဓမ္မနေရပ်စွန့်စွာခိုင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်း  ၁၁ မြို့နယ်မှ ကျေးရွာ ၁၅၀၀ နီးပါး လူဦးရေ သုံးသိန်းကျော် ထိုင်းသို့ရောက်ရှိခိုလှုံနေကြသည်ဟု ရေးသားသည်။ မဲပ်ဖေါင်ဒေးရှင်းကလည်း ချင်းမိုင်ခရိုင်တခုတည်းအတွင်း တရားဝင်အလုပ်သမားကဒ် မှတ်ပုံတင်ထားသူ လူဦးရေ ၆ သောင်းကျော် ရှိသည်ဟု ဆိုသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates